ဒုတိယကထပ်မှာရှိတဲ့ ဖောက်သည်ဆီကို ပစ္စည်းပို့ရန် ဓာတ်လှေကားမရှိတာကြောင့် လှေကားထစ်များတက်စဉ် ပြုတ်ကျပြီး အလုပ်မလုပ်နိုင်တော့တဲ့ မသန်စွမ်းပစ္စည်းပို့သမား

မကြာသေးမီက ပစ္စည်းပို့ဆောင်သူ မစ္စတာ Saire ဟာ Thomson ရှိ အလုံပိတ်ထားတဲ့ ဈေးဆိုင်ခန်းတစ်ခုမှာ မတော်တဆ ဖြစ်ပွါးခဲ့တဲ့ အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ်။ မစ္စတာ Saire အပြောအရတော့ သူပို့ပေးရမဲ့ ပစ္စည်းလက်ခံသူက တိုက်ခန်းရဲ့ ဒုတိယထပ်မှာဖြစ်ပြီး သူရောက်တဲ့အခါ အပေါ်ထပ်တက်ဖို့ ဓာတ်လှေကားမရှိတာကို သတိပြုမိခဲ့ပါတယ်။ မစ္စတာ Saire က ခြေထောက်တစ်ဖက် ချို့ယွင်းချက်ကြောင့် လှေကားထစ်ကို မတက်နိုင်ကြောင်း ရှင်းပြရန် ဖောက်သည်ကို တိုက်ရိုက်မက်ဆေ့ချ်ပို့ပေမဲ့ ဖောက်သည်က လက်မခံခဲ့ပါဘူး။

သူ့တာဝန်ကို ပြီးအောင်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ မစ္စတာ Saire က လှေကားထစ်ကို အတိုင်းအတာတစ်ခုအထိ ကြိုးစားတက်ခဲ့ပါတယ်။ ကံမကောင်းစွာနဲ့ပဲ သူ လဲကျသွားပြီး သူ့ခြေထောက်ကို ဒဏ်ရာရစေခဲ့ပါတယ်။ ပို့စ်ထဲမှာ မစ္စတာ Saire က သူ့ရဲ့ ခြေဖဝါးတွေ ရောင်ရမ်းနေတဲ့ ပုံတစ်ပုံကို မျှဝေခဲ့ပြီး ဒဏ်ရာကြောင့် အခု အလုပ်မလုပ်နိုင်တော့ဘူးလို့ ဆိုပါတယ်။

အလုပ်မှနုတ်ထွက်ရန် အတွေးများကို ကြံဆနေချိန်မှာ မစ္စတာ Saire က သူ့မှာ အခြားဝင်ငွေအရင်းအမြစ်မရှိတာကြောင့် ရွေးချယ်စရာမရှိဘူးလို့ ဆိုပါတယ်။ ယခုအချိန်မှာ မစ္စတာ Saire က သူ့ရဲ့ ဒဏ်ရာမှ လျင်မြန်ချောမွေ့စွာ ပြန်လည်ကောင်းမွန်လာဖို့ ကုစမှု ခံယူနေပါတယ်။

JRose(Tgidailynews)

Zawgyi

ဒုတိယကထပ္မွာရွိတဲ့ ေဖာက္သည္ဆီကို ပစၥည္းပိုရန္ ဓာတ္ေလွကားမရွိတာေၾကာင့္ ေလွကားထစ္မ်ားတက္စဥ္ ျပဳတ္က်ၿပီး အလုပ္မလုပ္ႏိုင္ေတာ့တဲ့ မသန္စြမ္းပစၥည္းပို႔သမား

မၾကာေသးမီက ပစၥည္းပို႔ေဆာင္သူ မစၥတာ Saire ဟာ Thomson ရွိ အလုံပိတ္ထားတဲ့ ေဈးဆိုင္ခန္းတစ္ခုမွာ မေတာ္တဆ ျဖစ္ပြါးခဲ့တဲ့ အျဖစ္အပ်က္ကို ေျပာျပခဲ့ပါတယ္။ မစၥတာ Saire အေျပာအရေတာ့ သူပို႔ေပးရမဲ့ ပစၥည္းလက္ခံသူက တိုက္ခန္းရဲ႕ ဒုတိယထပ္မွာျဖစ္ၿပီး သူေရာက္တဲ့အခါ အေပၚထပ္တက္ဖို႔ ဓာတ္ေလွကားမရွိတာကို သတိျပဳမိခဲ့ပါတယ္။ မစၥတာ Saire က ေျခေထာက္တစ္ဖက္ ခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ေလွကားထစ္ကို မတက္ႏိုင္ေၾကာင္း ရွင္းျပရန္ ေဖာက္သည္ကို တိုက္႐ိုက္မက္ေဆ့ခ်္ပို႔ေပမဲ့ ေဖာက္သည္က လက္မခံခဲ့ပါဘူး။

သူ႔တာဝန္ကို ၿပီးေအာင္လုပ္ဖို႔ စိတ္ပိုင္းျဖတ္ထားတဲ့ မစၥတာ Saire က ေလွကားထစ္ကို အတိုင္းအတာတစ္ခုအထိ ႀကိဳးစားတက္ခဲ့ပါတယ္။ ကံမေကာင္းစြာနဲ႔ပဲ သူ လဲက်သြားၿပီး သူ႔ေျခေထာက္ကို ဒဏ္ရာရေစခဲ့ပါတယ္။ ပို႔စ္ထဲမွာ မစၥတာ Saire က သူ႔ရဲ႕ ေျခဖဝါးေတြ ေရာင္ရမ္းေနတဲ့ ပုံတစ္ပုံကို မွ်ေဝခဲ့ၿပီး ဒဏ္ရာေၾကာင့္ အခု အလုပ္မလုပ္ႏိုင္ေတာ့ဘူးလို႔ ဆိုပါတယ္။

အလုပ္မွႏုတ္ထြက္ရန္ အေတြးမ်ားကို ႀကံဆေနခ်ိန္မွာ မစၥတာ Saire က သူ႔မွာ အျခားဝင္ေငြအရင္းအျမစ္မရွိတာေၾကာင့္ ေ႐ြးခ်ယ္စရာမရွိဘူးလို႔ ဆိုပါတယ္။ ယခုအခ်ိန္မွာ မစၥတာ Saire က သူ႔ရဲ႕ ဒဏ္ရာမွ လ်င္ျမန္ေခ်ာေမြ႕စြာ ျပန္လည္ေကာင္းမြန္လာဖို႔ ကုစမႈ ခံယူေနပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories