ဧည့်သည်များစွာကို ဆွဲဆောင်နိုင်ခဲ့တဲ့ အပြာရောင်ရေခဲလှိုင်းများဖြင့် ခမ်းနားလှပတဲ့ ရေခဲလှိုဏ်ဂူ

လူအများကို ဆွဲဆောင်နိုင်တဲ့ ထူးခြားသောရှုခင်းများက နှင်းဖုံးတောင်တန်းများ စသည်တို့ဖြစ်ပါတယ်။ ထို့အပြင် အိုက်စလန်ရှိ လှိုင်းလုံးကြီးများပါတဲ့ ရေခဲလှိုဏ်ဂူများဟာဆိုရင် အပြာရောင်ရေခဲလှိုင်းများဖြစ်ပါတယ်။ အဆိုပါ လှိုင်းလုံးပုံများက ခရီးသွား ကွန်ရက်စာမျက်နှာများမှာ မကြာသေးမီက ပျံ့နှံ့ခဲ့ပြီး လူများ ပိုမို စွဲလန်းစေခဲ့ပါတယ်။

အဲဒါကို တစ်ချက်ကြည့်လိုက်ရင်၊ ဒါတွေဟာ ခေတ်မီဆော့ဖ်ဝဲလ်တွေနဲ့ ပြုလုပ်ထားတဲ့ 3D ပုံတွေလို့ လူတိုင်းက ထင်ပါလိမ့်မယ်။ ဒါပေမဲ့ ၎င်းက 100% အစစ်အမှန်ဖြစ်တာကြောင့် လူအများက အံ့အားသင့်ကြပါတယ်။ အိုက်စလန်ရှိ အဆိုပါရေခဲလှိုဏ်ဂူဟာ အလင်းရောင်အများစုကို စုပ်ယူနိုင်တဲ့ အထက်ရေခဲတောင်များကြောင့် အလွန်လှပတဲ့ အရောင်ရှိပြီး လှိုဏ်ဂူဟာ စွဲမက်ဖွယ်ကောင်းတဲ့ မြစိမ်းရောင်ရှိပါတယ်။ အဆိုပါရေခဲလှိုဏ်ဂူက မီတာ 100 ကျော်နက်ပြီး ခမ်းနားထည်ဝါတဲ့ ရေခဲနံရံများဖြင့် ဝန်းရံထားပါတယ်။

ဂူအပြင်ဘက်မှာ ကြီးမားတဲ့ ရေခဲလှိုင်းလုံးများက အတုံးအခဲများ ဖြစ်ပေါ်လာပါတယ်။ ထို့အပြင် ၎င်းဓူဟာ ဧည့်သည်တွေ သမုဒ္ဒရာအောက်မှာ ရပ်နေပြီး မလှုပ်မယှက် လှိုင်းလုံးတွေကို ရှုစားနေသလို ခံစားစေပါတယ်။ လက်ရှိမှာ အိုက်စလန်ရှိ ရေခဲဂူများရဲ့ ဓာတ်ပုံများက အင်တာနက်အသုံးပြုသူများရဲ့ အာရုံစိုက်ခြင်းကို ခံခဲ့ရပါတယ်။ လူအများစုက စိတ်ဝင်တစားဖော်ပြကြပြီး ထိုနေရာကို လာချင်မိကြောင်း မှတ်ချက်ပေးကြပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories