ရိုးရာဝတ်စုံနဲ့ အပြစ်ကင်းစင်တဲ့ အလှတရားကြောင့် လူအများရဲ့ နှလုံးသားကို လျင်မြန်စွာ ဖမ်းစားခဲ့တဲ့ ကလေးမလေး

ရိုးရာဝတ်စုံဝတ်ထားတဲ့ ထိုင်းမိန်းကလေးငယ်တစ်ဦးဟာ မိခင်ဖြစ်သူက သူမကလေးရဲ့ ပုံကို လူမှုကွန်ယက်မှာတင်ပြီးနောက် ရုတ်တရက်နာမည်ကြီးသွားခဲ့ပါတယ်။ မိန်းကလေးငယ်ဟာ လှပတဲ့ ၀တ်စုံများကို ၀တ်ဆင်ကာ သူမရဲ့ အပြစ်ကင်းစင်တဲ့ အလှက လူများရဲ့ နှလုံးသားများကို လျင်မြန်စွာ ဖမ်းစားခဲ့ပါတယ်။ ရိုက်ကူးထားတဲ့ ဓာတ်ပုံတွေအရ ဒီမိန်းကလေးဟာ အမြဲတမ်း ပြောင်မြောက်တဲ့ အသွင်အပြင်၊ ဖြူစင်တောက်ပတဲ့ အသားအရေ၊ ဖောင်းကားနေတဲ့ ပါးပြင်၊ မျက်လုံးကြီးတွေနဲ့ တောက်ပြောင်နေတဲ့ အသွင်အပြင်လေးတွေရှိပါတယ်။

သူ့အမေနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို ကြည့်လိုက်ရင် ဒီကလေးမလေးဟာ သူမရဲ့ မျိုးရိုးအလှကို မွေးဖွားပေးခဲ့တဲ့ မိခင်ဆီကနေ အမွေဆက်ခံထားတာကြောင့် အရမ်းလှတာကို တွေ့နိုင်ပါတယ်။ ဒီမိန်းကလေးဟာ ထိုင်းနိုင်ငံ၊ Chonbiru ပြည်နယ် Muang Chonburi မှာ နေထိုင်တဲ့ အသက် ၅ နှစ်ခန့်သာ ရှိသေးပါတယ်။ သူမရဲ့ အသွင်အပြင်ကြောင့် မကြာခင်မှာ ကြော်ငြာတွေမှာ ကလေးမော်ဒယ်အဖြစ် သရုပ်ဆောင်ခဲ့ပါတယ်။ သူမရဲ့ လှပတဲ့ အရုပ်နဲ့တူတဲ့ အသွင်အပြင်ကြောင့်သာမက သူမရဲ့ ချစ်စရာကောင်းတဲ့ ဖက်ရှင်စတိုင်တွေကြောင့်လည်း ပရိသတ်တွေက သူမကို ချစ်ကြပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories