လှီးထားတဲ့ အာလူးကို ခြေထောက်အောက်ကပ်ထားခြင်းဖြင့် အဖျားကျစေတဲ့နည်းလမ်းက မသုံးသင့်ကြောင်း ရှင်းပြလာတဲ့ ဆေးပညာရှင်

ယနေ့ခေတ်မှာ ရေပန်းစားနေတဲ့ ကျန်းမာရေးကုသနည်းလမ်းအသစ်က ပျံ့နှံ့နေပြီး တုပ်ကွေးရောဂါကို ကုသဖို့အတွက် အာလူးကို ခြေဖဝါးအောက်ခြေမှာ ကပ်ထားရင် အဖျားကျစေတဲ့ နည်းဖြစ်ပါတယ်။ ၎င်းကို အာလူးခြေအိတ်လို့ လူသိများတဲ့ ထူးဆန်းတဲ့ တုပ်ကွေးကုဆေးတစ်မျိုးဖြစ်ပြီး ဗီဒီယိုကြည့်ရှုမှုပေါင်း 8.1 ဘီလီယံအထိ ပျံ့နှံ့သွားခဲ့ပါတယ်။ ဒါ့အပြင် အာလူးဟာ ခန္ဓာကိုယ်တွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးတယ်လို့ အချို့က ဆိုကြပါတယ်။ သူတို့ကို လန်းဆန်းစေပြီး ခွန်အားဖြစ်စေပါတယ်။

ဒါပေမဲ့ ဆေးပညာရှင် ဒေါက်တာ Tommy Martin ဟာ အအေးမိခြင်း လက္ခဏာများကို သက်သာစေရန် အာလူးခြေအိတ်ကို အသုံးပြုခြင်းထက် များစွာသာလွန်ကောင်းမွန်တဲ့ နည်းလမ်းများရှိကြောင်း Tiktok မှ လူများကို ပြင်းပြင်းထန်ထန် သတိပေးခဲ့ပါတယ်။ ကြည့်ရှုသူအားလုံးကို ခြေထောက်မှာ အာလူးကပ်မယ့်အစား တုပ်ကွေးကာကွယ်ဆေးထိုးရန် ၎င်းတို့ရဲ့ကလေးများကို ခေါ်ဆောင်သွားရန် တိုက်တွန်းထားပါတယ်။ တစ်ချိန်တည်းမှာပင် အာဟာရဗေဒပညာရှင်များက ခြေမှာရှိတဲ့ အာလူးလေးက မင်းရဲ့တုပ်ကွေးကို မကုသနိုင်ဘူးလို့ ရှင်းပြထားပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories