ခင်ပွန်းနဲ့ အိမ်ထောင်ရေးပြိုကွဲသွားပြီး ကလေး ၂ ယောက်ကို တစ်ယောက်တည်း ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်နိုင်ခဲ့တဲ့ လေးစားစရာကြင်ဖော်မဲ့မိခင်

ပြိုကွဲသွားတဲ့အိမ်ထောင်ရေးဟာ ဘယ်သူကမှ မလိုလားအပ်တဲ့အရာဖြစ်ပြီး အထူးသဖြင့် ကလေးရှိတဲ့အခါ၊ ပိုပြီး ခက်ခဲပါတယ်။ မကြာသေးမီက ကလေးနှစ်ယောက်ကို ပြုစုပျိုးထောင်ခဲ့တဲ့ ကြင်ဖော်မဲ့မိခင်တစ်ဦးဟာ သူမရဲ့ ဘဝအကြောင်းကို ဝေမျှလာခဲ့ပါတယ်။ မစ္စ TN လို့ခေါ်တဲ့ အဆိုပါအမျိုးသမီးက သူမရဲ့ခင်ပွန်းနဲ့ ကလေးနှစ်ယောက် အတူတူရှိတော့ အိမ်ထောင်ရေးက အချိန်အကြာကြီး နွေးထွေးပျော်ရွှင်မယ်လို့ ထင်မိပေမယ့် မမျှော်လင့်ဘဲ အိမ်ထောင်ရေးမှာ အဖြစ်အပျက်တွေနဲ့ သဘောထားကွဲလွဲမှုတွေက သူမနဲ့ သူ့ခင်ပွန်းက လမ်းခွဲဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။

အစကတည်းက နာကျင်ခံစားခဲ့ရပြီး ယခုအခါမှာ မစ္စ TN က သူမရဲ့ သားသမီးများနဲ့ အေးချမ်းစွာ နေထိုင်လျက်ရှိပါတယ်။ လက်ရှိမှာ သူမအတွက် အကြီးမားဆုံး တွန်းအားမှာ အလုပ်နဲ့ ဘဝအတွက် ကြိုးစားအားထုတ်မှုက နတ်သမီးလေးနှစ်ယောက်ရဲ့ အနာဂတ်ပင်ဖြစ်ပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ကို လွှင့်တင်ပြီးနောက် ကြည့်ရှုသူအများအပြားမှာ တစ်ကိုယ်တည်းမိခင်တစ်ဦးရဲ့ ဘဝကို သနားကရုဏာသက်စေခဲ့ပါတယ်။

ကလေးနှစ်ယောက်ကို ကောင်းကောင်းမွန်မွန် ပြုစုပျိုးထောင်ဖို့ ကြိုးစားပြီး အခက်အခဲတွေကို ကျော်ဖြတ်နိုင်မယ်လို့ လူတိုင်းက အားပေးမျှော်လင့်ထားပါတယ်။ ထို့အပြင် သူမရဲ့အဖြစ်နဲ့ တူတဲ့ အခြေအနေရှိ အမျိုးသမီး အများအပြားက သူတို့ရဲ့ ဝမ်းနည်းကြေကွဲမှုများကို မျှဝေခဲ့ကြပါတယ်။ ကြင်ဖော်မဲ့မိခင်တစ်ယောက်ရဲ့ အခက်အခဲက စီးပွားရေးကို ဂရုစိုက်ရပြီး မိသားစုအတွက် အသေးအမွှားလေးတွေကို ပြုစုစောင့်ရှောက်ပေးရပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories