ဇနီးဖြစ်သူ ဆံပင်ရှုပ်ပွနေတာကိုမြင်တော့ ဇနီးချောလေး အလှပြင်ဖို့ အတွက် အချိန်ပိုအလုပ်ကရတဲ့ ပိုက်ဆံကို ပေးခဲ့တဲ့ ခင်ပွန်း

မကြာသေးမီက ဇနီးသည်ကို အရမ်းချစ်တဲ့ ခင်ပွန်းသည်ရဲ့ ချစ်စဖွယ် အခိုက်အတန့်လေးဟာ လူအများကို အားကျစေခဲ့ပါတယ်။ အထူးသဖြင့် ဇနီးသည်က အိမ်မှာ သားသမီးတွေကို ပြုစုပြီး ခင်ပွန်းဖြစ်သူက အချိန်ပိုအလုပ်ဆင်းပြီးတဲ့နောက် အိမ်ပြန်ရောက်ပြီး တစ်နေ့တာအလုပ်ရဲ့ ဝင်ငွေတွေကို ဇနီးဖြစ်သူထံ ပေးဆောင်ဖို့ မမေ့လျော့ခဲ့ပါဘူး။

ဆံပင်လုပ်ဖို့ ပိုက်ဆံမလောက်ဘူးဆိုတဲ့ ဇနီးဖြစ်သူရဲ့ ညည်းညူသံကြားတော့ ခင်ပွန်းဖြစ်သူက သူ့မိန်းမကို ပိုက်ဆံပိုပေးဖို့အတွက် အိတ်ထဲကနေ ထုတ်လိုက်ပါတယ်။ ဒါတင်မကသေးဘဲ၊ ဒီခင်ပွန်းက ဇနီးသည်ရဲ့ သားသမီးတွေကို ပြုစုစောင့်ရှောက်ဖို့ အိမ်မှာပဲနေပြီး ဇနီးဖြစ်သူက ဆံပင်ကိုချက်ချင်း ပြင်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ခင်ပွန်းရဲ့ ဂရုစိုက်မှုကြောင့် အမျိုးသမီး အများအပြား မနာလိုဖြစ်ခဲ့ကြပါတယ်။ စစ်မှန်သော ပျော်ရွှင်မှုဆိုတာ ဇိမ်ကျကျ လက်ဆောင်တွေ မလိုအပ်ဘဲ ရိုးသားတဲ့ ချစ်ခြင်းမေတ္တာက ဇနီးသည်တွေကို အမှန်တကယ် ကျေနပ်စေတာပါ။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories