မင်္ဂလာဆောင်ပွဲမှာ ရည်စားဟောင်းတွေကို ဖိတ်ကြားပြီး ရည်စားဟောင်းဆိုတဲ့ ဆိုင်းဘုတ်နဲ့ တစ်ဝိုင်းတည်း ထိုင်ခိုင်းတဲ့ သတို့သမီး

မကြာသေးမီက တရုတ်နိုင်ငံမှာ မင်္ဂလာဆောင် ဗီဒီယိုတစ်ခု ပျံ့နှံ့သွားခဲ့ပါတယ်။ သတို့သမီးက သူ့ရည်းစားဟောင်းကို ပွဲလာဖို့ ဖိတ်ထားတဲ့အပြင် အတူတူ စားပွဲမှာထိုင်ဖို့ ထိုင်ခုံတွေတောင် စီစဉ်ပေးထားပါတယ်။ သတင်းများအရ အဆိုပါပွဲကို ဟူဘေးပြည်နယ်မှာ ကျင်းပခဲ့ကြောင်း သိရပါတယ်။

သတို့သမီးက ရည်းစားဟောင်းအားလုံးကို မင်္ဂလာဆောင်ပွဲလာဖို့ ဖိတ်ပြီး စားပွဲတစ်ခုတည်းမှာ ထိုင်ခိုင်းလိုက်ပါတယ်။ ရည်းစားဟောင်းတွေရဲ့ စားပွဲပေါ်မှာ ကြိုဆိုတဲ့ ဆိုင်းဘုတ်လည်း ရေးထားပါတယ်။ဗီဒီယိုထဲမှာ အဆင်မပြေတဲ့ မျက်နှာများဖြင့် ထိုင်နေတဲ့ ရည်းစားဟောင်းတွေက အနည်းဆုံးလေးငါးယောက်ရှိပါတယ်။ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက်လည်း စကားပြောချင်ပုံမပေါ်ပါဘူး။ ၎င်းကို မျှဝေပြီးနောက် သတို့သမီးရဲ့ မင်္ဂလာပွဲကို ရောက်လာကြတဲ့ ရည်စားဟောင်းတွေကို ကြည့်ပြီး လူအများက လောင်ပြောင်ရယ်မောခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi

မဂၤလာေဆာင္ပြဲမွာ ရည္စားေဟာင္းေတြကို ဖိတ္ၾကားၿပီး ရည္စားေဟာင္းဆိုတဲ့ ဆိုင္းဘုတ္နဲ႔ တစ္ဝိုင္းတည္း ထိုင္ခိုင္းတဲ့ သတို႔သမီး

မၾကာေသးမီက တ႐ုတ္ႏိုင္ငံမွာ မဂၤလာေဆာင္ ဗီဒီယိုတစ္ခု ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ သတို႔သမီးက သူ႔ရည္းစားေဟာင္းကို ပြဲလာဖို႔ ဖိတ္ထားတဲ့အျပင္ အတူတူ စားပြဲမွာထိုင္ဖို႔ ထိုင္ခုံေတြေတာင္ စီစဥ္ေပးထားပါတယ္။ သတင္းမ်ားအရ အဆိုပါပြဲကို ဟူေဘးျပည္နယ္မွာ က်င္းပခဲ့ေၾကာင္း သိရပါတယ္။

သတို႔သမီးက ရည္းစားေဟာင္းအားလုံးကို မဂၤလာေဆာင္ပြဲလာဖို႔ ဖိတ္ၿပီး စားပြဲတစ္ခုတည္းမွာ ထိုင္ခိုင္းလိုက္ပါတယ္။ ရည္းစားေဟာင္းေတြရဲ႕ စားပြဲေပၚမွာ ႀကိဳဆိုတဲ့ ဆိုင္းဘုတ္လည္း ေရးထားပါတယ္။ဗီဒီယိုထဲမွာ အဆင္မေျပတဲ့ မ်က္ႏွာမ်ားျဖင့္ ထိုင္ေနတဲ့ ရည္းစားေဟာင္းေတြက အနည္းဆုံးေလးငါးေယာက္ရွိပါတယ္။ ၿပီးေတာ့ တစ္ေယာက္နဲ႔တစ္ေယာက္လည္း စကားေျပာခ်င္ပုံမေပၚပါဘူး။ ၎ကို မွ်ေဝၿပီးေနာက္ သတို႔သမီးရဲ႕ မဂၤလာပြဲကို ေရာက္လာၾကတဲ့ ရည္စားေဟာင္းေတြကို ၾကည့္ၿပီး လူအမ်ားက ေလာင္ေျပာင္ရယ္ေမာခဲ့ၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories