အလယ်တန်းကျောင်းကတည်းက ချစ်ကြိုက်ခဲ့ကြပြီး relationship ၆နှစ်၆လပြည့်တဲ့နေ့မှာ ချစ်စရာကောင်းတဲ့ ဓာတ်ပုံရိုက်ကူးခဲ့တဲ့ စုံတွဲနှစ်ဦး

မကြာသေးမီက စုံတွဲတစ်တွဲရဲ့ နူးညံ့သိမ်မွေ့တဲ့ ရှေးစတိုင်ဓာတ်ပုံများ ဆက်တိုက်ထွက်ပေါ်လာခြင်းကြောင့် လူအများကို သဘောကျစေခဲ့ပါတယ်။ စုံတွဲနှစ်ဦးက ချစ်ခြင်းမေတ္တာ ၆ နှစ်နဲ့ ၆ လပြည့် အထိမ်းအမှတ် အနေဖြင့် ဗီယက်နမ်နိုင်ငံ၊ တေနင်းပြည်နယ်မှာ စုံတွဲပုံရိုက်ခဲ့ပါတယ်။ တရုတ်စာ သင်ကြားရေး လက်ထောက်အဖြစ် လုပ်ကိုင်နေ မစ္စဟောင်က သူမရဲ့ကောင်လေးဟာ ဟိုချီမင်းစီးတီးမှာ စစ်သားတစ်ဦးဖြစ်ပါတယ်။ သူတို့စုံတွဲက အလေးစားဆုံး အသက်မွေးဝမ်းကျောင်းပညာရဲ့ ပုံရိပ်ဖြစ်တဲ့ စစ်သားတစ်ဦးနဲ့ ဆရာမတစ်ဦးရဲ့ ပုံရိပ်ကို ရိုက်ကူးဖို့ အတူတကွ ဆုံးဖြတ်ခဲ့ကြပါတယ်။

တကယ်တော့ သူတို့နှစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းက အရမ်းလှပြီး လူတော်တော်များများကို သဘောကျစေခဲ့ပါတယ်။ အလယ်တန်းကျောင်းသားဘဝကတည်းက နှစ်ယောက်သားဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ခဲ့ကြတာပါ။ ၂၀၂၂ နှစ်ကုန်မှာ သူတို့စုံတွဲဟာ တစ်ယောက်နဲ့တစ်ယောက် စေ့စပ်ခဲ့ကြပြီး မကြာခင် မင်္ဂလာပွဲကို ကျင်းပတော့မှာဖြစ်ပါတယ်။ သူတို့ရဲ့ အံ့ဩစရာအချစ်ဇာတ်လမ်းအပြင် ထူးထူးခြားခြား စုံတွဲပုံလေးတွေကြောင့် လူတော်တော်များများ သဘောကျနေကြတာပါ။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories