အသက် ၆၀ သာပြည့်သွားပေမယ့် သန်မာတဲ့ခန္ဓာကိုယ်နဲ့ အရွယ်တင်နုပျိုတဲ့ မျက်နှာကို ပိုင်ဆိုင်ထားဆဲဖြစ်တဲ့ အမျိုးသား

Chuando Tan အမည်ရှိ အမျိုးသားဟာ စင်ကာပူမှာ နာမည်ကြီး မော်ဒယ်၊ သရုပ်ဆောင်၊ ဓာတ်ပုံဆရာတစ်ဦးဖြစ်ပါတယ်။ အသက် ၆၀ ပြည့်သွားပေမဲ့ သန်မာတဲ့ ခန္ဓာကိုယ်နဲ့ အလွန်နုပျိုတဲ့ မျက်နှာဖြင့် လူသိများလာခဲ့ပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်က Chuando Tan ဟာ သူရဲ့ငယ်ရွယ်နုပျိုတဲ့ အသွင်အပြင်ကြောင့် လူမှုကွန်ရက်မှာ မုန်တိုင်းတစ်ခုဖြစ်ပွါးခဲ့ပါတယ်။ အသက် ၆၀ အမျိုးသားရဲ့ ပုံရိပ်တွေကို လူမှုကွန်ရက် ဖိုရမ်တွေမှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြပါတယ်။

ထိုအချိန်မှစပြီး Chuando Tan ရဲ့ရုပ်ပုံက “အသက်မရှိတဲ့ နတ်ဘုရား” ဆိုပြီး အမည်ပြောင်ပေးခံရပါတယ်။ ရေပန်းစားလာပြီး ၆ နှစ်အကြာမှာ သူ့ရဲ့အသွင်အပြင်က လုံးဝမပြောင်းလဲသေးဘဲ နုပျိုနေဆဲဖြစ်ပါတယ်။ ဒါတင်မကသေးဘဲ သူ့မျက်နှာမှာလည်း အိုမင်းရင့်ရော်တဲ့ အရိပ်အယောင်တွေ မရှိပါဘူး။ ဒီလူက မသိရင် သူ့ဟာ အသက် ၃၀ ပဲရှိသေးမယ်လို့ ထင်မိစေပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories