သူစိမ်းဆီကနေ ဆံပင်အတုလက်ဆောင် ရရှိတဲ့အတွက် အတိုင်းမသိပျော်ရွှင်နေခဲ့တဲ့ ရောဂါသည်မိန်းကလေး

မကြာသေးမီက K ရောဂါခံစားနေရတဲ့ မိန်းကလေးဟာ ဆံပင်များကျွတ်လွန်းတာကြောင့် ကတုံးတုံးခဲ့ရပြီး ဆံပင်အတုနဲ့ ဝတ်ထားရပါတယ်။ Lo Thi Chi လို့အမည်ပေးထားတဲ့ ဒီမိန်းကလေးဟာ သူစိမ်းဆီက အထူးလက်ဆောင်တစ်ခုဖြစ်တဲ့ ဆံပင်အတုကို ရတဲ့အခါ ပျော်ရွှင်မှုအပြည့်နဲ့ ကြည့်ရှုသူတွေကို မျက်ရည်မထိန်းနိုင်ဖြစ်စေခဲ့ပါတယ်။ ဒါတင်မကသေးဘဲ မိန်းကလေးက အရမ်းနာခံပြီး ယဉ်ကျေးပါတယ်။

အခု ဆေးကုသမှု ခံယူပြီးတဲ့ အချိန်မှာတော့ သူမရဲ့ ကျန်းမာရေးက ပိုကောင်းလာပြီး နာကျင်မှုလည်း မရှိတော့ပါဘူး။ ဒါကြောင့် ဒီနှစ်မှာ မိသားစုနဲ့ ပြန်လည်ဆုံစည်းဖို့ အိမ်ပြန်နိုင်ခဲ့ပါတယ်။ တစ်ချိန်တည်းမှာပင် မိန်းကလေးက အလားတူအခြေအနေမျိုးရှိတဲ့ လူနာများထံ အားပေးစကား ပေးပို့ခဲ့ပြီး “မင်းတို့အားလုံး ကျန်းမာချမ်းသာပြီး ဘဝကို ယုံကြည်မှုအပြည့်ရှိကြပါစေ” လို့ ဆုတောင်းပေးခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories