အပြုံးလေးတစ်ချက်တည်းနဲ့ လူမှုကွန်ရက်ပေါ်က လူများစွာကို အရည်ပျော်စေခဲ့တဲ့ ကောင်လေးငယ်

အခုချိန်ထိတော့ ချစ်စရာကောင်းတဲ့ ရင်သွေးငယ်လေးတွေရဲ့ ပုံရိပ်တွေဟာ လူမှုကွန်ယက်အသုံးပြုသူတွေရဲ့ အာရုံစိုက်ခြင်းကို အမြဲခံနေရပါတယ်။ လတ်တလောမှာတော့ လူမှုကွန်ယက်မှာ ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ရဲ့ ပုံရိပ်တွေကို ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်မှာ ပျံ့နှံ့နေပါတယ်။ ကောင်လေးငယ်က ပြုံးပြရုံနဲ့ ချက်ချင်းဆိုသလိုပဲ Like 50,000 နီးပါးကို ဆွဲဆောင်ခဲ့ပါတယ်။

ကောင်လေးဟာ ချစ်စရာကောင်းတဲ့ မျက်နှာဝိုင်းဝိုင်းကြီးနဲ့ မျက်ခွံနှစ်ထပ်နဲ့ နှုတ်ခမ်းနီရဲရဲနဲ့ ချစ်စရာကောင်းနေပါတယ်။ မျက်စိတစ်မှိတ်လေးအတွင်းမှာပဲ ကောင်လေးတစ်ယောက်ရဲ့ အပြုံးဟာ အင်တာနက်အသုံးပြုသူတော်တော်များများရဲ့ နှလုံးသားကို ဖြတ်တောက်ပစ်လိုက်ပါတယ်။ လူအများစုကနော့ ဒီသားလေးလို ချစ်စရာကောင်းတဲ့ ကလေးလေး မွေးဖွားဖို့ တောင်းဆိုတဲ့ မှတ်ချက်လေးတွေ ရေးခဲ့ကြပါသေးတယ်။ ကောင်လေးကို သူတို့ရဲ့ အနာဂတ်သမက်လို့တောင် အင်တာနက်သုံးစွဲသူတွေက မှတ်ချက်ပေးကြပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories