ဝန်ထမ်း ၁၈၀၀၀ ကျော်ကို နှစ်ကုန် လက်ဆောင်များ ပေးရန်အတွက် ဘီလီယံ ဆယ်နဲ့ ချီ သုံးစွဲခဲ့တဲ့ ကုမ္ပဏီတစ်ခု

မကြာသေးမီက ဟိုချီမင်းစီးတီး၊ ငုယင်ဒက်ချန်းစက်မှုဇုန်မှာ အားကစားဝတ်စုံများထုတ်လုပ်တဲ့ အထူးပြုကုမ္ပဏီတစ်ခုက ဝန်းထမ်းများကို လက်ဆောင်များ ပြင်ဆင်ပေးနေတဲ့ပုံရိပ်က လူမှုကွန်ရက်ပေါ် ပျံ့နှံ့သွားခဲ့ပါတယ်။ လုပ်ငန်းရဲ့ Trade Union ဥက္ကဋ္ဌ Mr. Trinh Thanh Dinh က ကုမ္ပဏီမှာ စက်ရုံ ၁၀ ရုံရှိပြီး စက်ရုံအလုပ်ရုံများအားလုံးက အလုပ်သမားများကို လက်ဆောင်ပေးဖို့ ပြင်ဆင်ထားတာပါ။

ဝန်ထမ်းများအတွက် လက်ဆောင်ပစ္စည်းများမှာ ဆန် ၁၀ ကီလိုဂရမ်၊ ရေ ၁ စည်၊ ကောက်ညှင်းဆန်၊ ခေါက်ဆွဲ၊ ငါးငံပြာရည်စသည်ဖြင့် အခြားကုန်ပစ္စည်း ၁၀ ထုပ် ပါဝင်တဲ့ ၁ ဗူးကို လက်ဆောင်အဖြစ် ၂ ကြိမ်ပေးနိုင်ရန် စီစဉ်ပေးထားကြောင်း သိရပါတယ်။ မစ္စတာ Dinh ရဲ့ ပြောကြားချက်အရ လက်ဆောင်တစ်ခုစီက VND 1.2 သန်း တန်ကြေးရှိပါတယ်။

ဝန်ထမ်းပေါင်း ၁၈၃၀၀ ဖြင့် ကုမ္ပဏီက လူတိုင်းအတွက် လက်ဆောင်များဝယ်ရန် 33 ဘီလီယံ သုံးစွဲခဲ့ပါတယ်။ ထိုလက်ဆောင်အပြင် အလုပ်သမားများကို ၁၃ လမြောက်လစာကို ပုံမှန်အတိုင်း ငွေသားဖြင့် ဆုချီးမြှင့်ဆဲဖြစ်ပါတယ်။ အလုပ်သမားတွေကလည်း ဒီလက်ဆောင်တွေရလို့ ဝမ်းသာပျော်ရွှင်နေကြပါတယ်။

JRose(Tgidailynews)

Zawgyi

ဝန္ထမ္း ၁၈၀၀၀ ေက်ာ္ကို ႏွစ္ကုန္ လက္ေဆာင္မ်ား ေပးရန္အတြက္ ဘီလီယံ ဆယ္နဲ႔ ခ်ီ သုံးစြဲခဲ့တဲ့ ကုမၸဏီတစ္ခု

မၾကာေသးမီက ဟိုခ်ီမင္းစီးတီး၊ ငုယင္ဒက္ခ်န္းစက္မႈဇုန္မွာ အားကစားဝတ္စုံမ်ားထုတ္လုပ္တဲ့ အထူးျပဳကုမၸဏီတစ္ခုက ဝန္းထမ္းမ်ားကို လက္ေဆာင္မ်ား ျပင္ဆင္ေပးေနတဲ့ပုံရိပ္က လူမႈကြန္ရက္ေပၚ ပ်ံ႕ႏွံ႔သြားခဲ့ပါတယ္။ လုပ္ငန္းရဲ႕ Trade Union ဥကၠ႒ Mr. Trinh Thanh Dinh က ကုမၸဏီမွာ စက္႐ုံ ၁၀ ႐ုံရွိၿပီး စက္႐ုံအလုပ္႐ုံမ်ားအားလုံးက အလုပ္သမားမ်ားကို လက္ေဆာင္ေပးဖို႔ ျပင္ဆင္ထားတာပါ။

ဝန္ထမ္းမ်ားအတြက္ လက္ေဆာင္ပစၥည္းမ်ားမွာ ဆန္ ၁၀ ကီလိုဂရမ္၊ ေရ ၁ စည္၊ ေကာက္ညႇင္းဆန္၊ ေခါက္ဆြဲ၊ ငါးငံျပာရည္စသည္ျဖင့္ အျခားကုန္ပစၥည္း ၁၀ ထုပ္ ပါဝင္တဲ့ ၁ ဗူးကို လက္ေဆာင္အျဖစ္ ၂ ႀကိမ္ေပးႏိုင္ရန္ စီစဥ္ေပးထားေၾကာင္း သိရပါတယ္။ မစၥတာ Dinh ရဲ႕ ေျပာၾကားခ်က္အရ လက္ေဆာင္တစ္ခုစီက VND 1.2 သန္း တန္ေၾကးရွိပါတယ္။

ဝန္ထမ္းေပါင္း ၁၈၃၀၀ ျဖင့္ ကုမၸဏီက လူတိုင္းအတြက္ လက္ေဆာင္မ်ားဝယ္ရန္ 33 ဘီလီယံ သုံးစြဲခဲ့ပါတယ္။ ထိုလက္ေဆာင္အျပင္ အလုပ္သမားမ်ားကို ၁၃ လေျမာက္လစာကို ပုံမွန္အတိုင္း ေငြသားျဖင့္ ဆုခ်ီးျမႇင့္ဆဲျဖစ္ပါတယ္။ အလုပ္သမားေတြကလည္း ဒီလက္ေဆာင္ေတြရလို႔ ဝမ္းသာေပ်ာ္႐ႊင္ေနၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories