သားဖြစ်သူပြန်လာမယ်ဆိုတာကို ကြားပြီး အလုပ်မအားတဲ့ကြားထဲ လေဆိပ်မှာ ပန်းစည်းနဲ့ သားကို ကြိုဆိုနေခဲ့တဲ့ မိခင်အိုတစ်ဦးရဲ့ ပုံရိပ်

နှစ်သစ်ရောက်ပြီဆိုတော့ မိသားစုနဲ့ ပြန်ဆုံဖို့ မွေးရပ်မြေကို ပြန်လာကြပါတယ်။ ထို့ကြောင့် မိဘတွေက သူတို့ရဲ့ သားသမီးအပြန်ကို လေဆိပ်မှာ စောင့်ကြိုနေကြတာပါ။ မကြာသေးမီက လေဆိပ်မှာ ငြိမ်သက်စွာ ရပ်နေပြီး သူ့ကလေးအတွက် ပန်းစည်းများကိုင်ဆောင်ထားတဲ့ မိခင်အိုကြီးတစ်ဦးရဲ့ ပုံရိပ်က လူအများကို ထိမိစေခဲ့ပါတယ်။ ဒီမိခင်အိုကြီးက လယ်သမားတစ်ယောက်ဖြစ်ပြီး သားသမီးနဲ့ မိသားစုကို ပြုစုပေးဖို့ ခြေလက်တွေမှာ ရွှံ့တွေနဲ့ တစ်နှစ်ပတ်လုံးပေနေခဲ့ပါတယ်။

အလုပ်များပြီး ရုန်းကန်နေရပေမဲ့ သူ့သားဂျပန်ကနေ ပြန်လာမှာကို ကြားတော့ သူမက အလုပ်အားလုံးကို ဘေးဖယ်ထားကာ သားကို သွားကြိုဖို့ မတွန့်ဆုတ်ခဲ့ပါဘူး။ လေဆိပ်ရောက်တော့ မိခင်အိုကြီးက ပန်းကို ကိုင်ဆောင်ကာ သူမရဲ့ မျက်လုံးများက လုံခြုံရေးတံခါးဝမှာ အမြဲလိုလို သူ့ကလေးကို ရှာဖွေနေပါတယ်။ မိခင်အိုကြီးရဲ့ ပုံရိပ်က လူတိုင်းကို ထိမိပြီး မျက်ရည်ကျစေခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories