မင်္ဂလာဆောင်ပြီး ၃ လအကြာမှာ ပထမဆုံးအကြိမ် ခင်ပွန်းဆီကနေ ဇိမ်ခံကားတစ်စီး လက်ဆောင်ရရှိခဲ့တဲ့ အမျိုးသမီး

ကြီးကြီးကျယ်ကျယ် ခမ်းနားတဲ့ မင်္ဂလာပွဲကို ကျင်းပပြီး ၃ လအကြာမှာတော့ Ut Nhi လို့ခေါ်တဲ့ မိန်းကလေးဟာ သူမရဲ့ ခင်ပွန်းဖြစ်သူဆီက ဇိမ်ခံကားတစ်စီးလက်ဆောင်ရရှိခဲ့ပါတယ်။ အဲ့ဒီကားက အိမ်ထောင်သက် ၃ လအကြာမှာ ခင်ပွန်းဆီက ပထမဆုံး လက်ဆောင်ဖြစ်ပါတယ်။ အဆိုပါကားရဲ့တန်ဖိုးမှာလည်း အမေရိကန်ဒေါ်လာ ၁၁၂ဝဝဝ မှ ၆၇၂ဝဝဝ ဝန်းကျင်ရှိမယ်လို့ ခန့်မှန်းရပါတယ်။ အဲဒီ့မတိုင်ခင်မှာ Ut Nhi ဟာ သူ့ရဲ့မင်္ဂလာပွဲအတွက် ကုန်ကျစရိတ်များစွာနဲ့ စီးပွားရေးအခြေအနေကောင်းတွေကို ပြသခဲ့ပါတယ်။

သူမကိုပေးခဲ့တဲ့ မင်္ဂလာရွှေပမာဏဟာ လူအများကို အံ့အားသင့်စေခဲ့ပါတယ်။ မင်္ဂလာဆောင်ချိန် Ut Nhi ကိုင်တဲ့ မင်္ဂလာပန်းစည်းလေးကတော့ ကမ္ဘာပေါ်မှာ ဈေးအကြီးဆုံး ပန်းတွေထဲက တစ်ခုဖြစ်တဲ့ ချိုင့်ဝှမ်းရဲ့ လီလီနဲ့ ပြုလုပ်ထားတာပါ။ သူတို့လင်မယားဟာ ချစ်ခြင်းမေတ္တာနဲ့ အိမ်ထောင်ရေးကို ပျော်ရွှင်စွာ ဖြတ်သန်းနေတာကို တွေ့မြင်နိုင်ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories