အလုပ်ကိစ္စနဲ့ ဖခင်က ခရီးထွက်ပြီးနောက် လေဆိပ်မှာ ဒိုင်နိုဆောဝတ်စုံဝတ်ပြီး သူ့ဖခင်ကို စိတ်လှုပ်ရှားစွာ ကြိုဆိုနေတဲ့ ကောင်မလေး

ကမ္ဘာမှာ မိန်းကလေးများကို ခြွင်းချက်မရှိ ချစ်မြတ်နိုးတဲ့ တစ်ဦးတည်းသော အမျိုးသားက ဖခင်တွေဘဲ ဖြစ်ပါတယ်။ သမီးက အိမ်မှာရှိတဲ့ မင်းသမီးလေးဆိုတော့ သမီးက ဘာပဲပြောပြော အဖေတွေက အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးဖို့ ကြိုးစားကြပါတယ်။ လတ်တလောမှာတော့ လေဆိပ်မှာ သမီးနဲ့ဖခင်နှစ်ယောက်ရဲ့ ချစ်စရာကောင်းတဲ့ အခိုက်အတန့်လေးကို မျှဝေထားပါတယ်။ အတိအကျပြောရလျှင် ဖခင်ရဲ့အလုပ်ကိစ္စဖြင့် ခရီးထွက်ပြီးနောက် သမီးဖြစ်သူက ဖခင်ကို ကြိုဆိုရန် လေဆိပ်သို့ စိတ်လှုပ်ရှားစွာ သွားစောင့်နေခဲ့ပါတယ်။

ဖခင်ဖြစ်သူကို တွေ့ချင်စိတ်ပြင်းပြတာကြောင့် သမီးဖြစ်သူက အလွန်ထူးခြားတဲ့ဝတ်စုံနဲ့ ပြင်ဆင်ခဲ့ပါတယ်။ ထို့ကြောင့် ကောင်မလေးက ထင်ရှားပေါ်လွင်နေတဲ့ အဝါရောင်ဒိုင်နိုဆောပုံစံ ၀တ်စုံကို ဝတ်ဆင်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမယ့် သမီးလေးတင်မကဘဲ အဖေဖြစ်သူလည်း သမီးလေးကို ချစ်တာကြောင့် လေယာဉ်ပေါ်က ဆင်းတာနဲ့ ဖခင်ဟာ အပြာရောင် ဒိုင်နိုဆောဝတ်စုံကို လဲခဲ့ပါတယ်။ ဒိုင်နိုဆောနှစ်ကောင်က တစ်ယောက်နဲ့တစ်ယောက် စိတ်လှုပ်ရှားစွာ ခုန်ပေါက်နေကြတာကို ကြည့်ပြီး ပတ်ဝန်းကျင်ရှိလူတိုင်းက ရယ်မောကာ ဓာတ်ပုံရိုက်ရန် ဖုန်းများကို ထုတ်ယူလိုက်ကြပါတယ်။

သူတို့နဲ့အတူ လိုက်ပါလာတဲ့ ကလေးအမေနဲ့ အဒေါ်တွေတောင် ဒီသားအဖ နှစ်ယောက်ရဲ့ ဖျော်ဖြေမှုနဲ့အတူ ရယ်မောခဲ့ကြပါသေးတယ်။ လူတော်တော်များများက ဒီသားအဖနှစ်ယောက်ရဲ့ ချစ်စဖွယ်ကောင်းမှုကို ချီးကျူးကြပြီး သူတို့ရဲ့ အလားတူအမှတ်တရတွေအကြောင်းလည်း မှတ်ချက်ပေးခဲ့ကြပါတယ်။ သားသမီးတွေ ပျော်ရွှင်စေဖို့အတွက် ဖခင်တွေက ဘာမဆို လုပ်ချင်စိတ်ရှိကြတာ အမှန်ပါပဲ။

JRose(Tgidailynews)

Zawgyi

အလုပ္ကိစၥနဲ႔ ဖခင္က ခရီးထြက္ၿပီးေနာက္ ေလဆိပ္မွာ ဒိုင္ႏိုေဆာဝတ္စုံဝတ္ၿပီး သူ႔ဖခင္ကို စိတ္လႈပ္ရွားစြာ ႀကိဳဆိုေနတဲ့ ေကာင္မေလး

ကမာၻမွာ မိန္းကေလးမ်ားကို ႁခြင္းခ်က္မရွိ ခ်စ္ျမတ္ႏိုးတဲ့ တစ္ဦးတည္းေသာ အမ်ိဳးသားက ဖခင္ေတြဘဲ ျဖစ္ပါတယ္။ သမီးက အိမ္မွာရွိတဲ့ မင္းသမီးေလးဆိုေတာ့ သမီးက ဘာပဲေျပာေျပာ အေဖေတြက အတတ္ႏိုင္ဆုံး ျဖည့္ဆည္းေပးဖို႔ ႀကိဳးစားၾကပါတယ္။ လတ္တေလာမွာေတာ့ ေလဆိပ္မွာ သမီးနဲ႔ဖခင္ႏွစ္ေယာက္ရဲ႕ ခ်စ္စရာေကာင္းတဲ့ အခိုက္အတန႔္ေလးကို မွ်ေဝထားပါတယ္။ အတိအက်ေျပာရလွ်င္ ဖခင္ရဲ႕အလုပ္ကိစၥျဖင့္ ခရီးထြက္ၿပီးေနာက္ သမီးျဖစ္သူက ဖခင္ကို ႀကိဳဆိုရန္ ေလဆိပ္သို႔ စိတ္လႈပ္ရွားစြာ သြားေစာင့္ေနခဲ့ပါတယ္။

ဖခင္ျဖစ္သူကို ေတြ႕ခ်င္စိတ္ျပင္းျပတာေၾကာင့္ သမီးျဖစ္သူက အလြန္ထူးျခားတဲ့ဝတ္စုံနဲ႔ ျပင္ဆင္ခဲ့ပါတယ္။ ထို႔ေၾကာင့္ ေကာင္မေလးက ထင္ရွားေပၚလြင္ေနတဲ့ အဝါေရာင္ဒိုင္ႏိုေဆာပုံစံ ၀တ္စုံကို ဝတ္ဆင္ရန္ ဆုံးျဖတ္ခဲ့ပါတယ္။ ဒါေပမယ့္ သမီးေလးတင္မကဘဲ အေဖျဖစ္သူလည္း သမီးေလးကို ခ်စ္တာေၾကာင့္ ေလယာဥ္ေပၚက ဆင္းတာနဲ႔ ဖခင္ဟာ အျပာေရာင္ ဒိုင္ႏိုေဆာဝတ္စုံကို လဲခဲ့ပါတယ္။ ဒိုင္ႏိုေဆာႏွစ္ေကာင္က တစ္ေယာက္နဲ႔တစ္ေယာက္ စိတ္လႈပ္ရွားစြာ ခုန္ေပါက္ေနၾကတာကို ၾကည့္ၿပီး ပတ္ဝန္းက်င္ရွိလူတိုင္းက ရယ္ေမာကာ ဓာတ္ပုံ႐ိုက္ရန္ ဖုန္းမ်ားကို ထုတ္ယူလိုက္ၾကပါတယ္။

သူတို႔နဲ႔အတူ လိုက္ပါလာတဲ့ ကေလးအေမနဲ႔ အေဒၚေတြေတာင္ ဒီသားအဖ ႏွစ္ေယာက္ရဲ႕ ေဖ်ာ္ေျဖမႈနဲ႔အတူ ရယ္ေမာခဲ့ၾကပါေသးတယ္။ လူေတာ္ေတာ္မ်ားမ်ားက ဒီသားအဖႏွစ္ေယာက္ရဲ႕ ခ်စ္စဖြယ္ေကာင္းမႈကို ခ်ီးက်ဴးၾကၿပီး သူတို႔ရဲ႕ အလားတူအမွတ္တရေတြအေၾကာင္းလည္း မွတ္ခ်က္ေပးခဲ့ၾကပါတယ္။ သားသမီးေတြ ေပ်ာ္႐ႊင္ေစဖို႔အတြက္ ဖခင္ေတြက ဘာမဆို လုပ္ခ်င္စိတ္ရွိၾကတာ အမွန္ပါပဲ။

JRose(Tgidailynews)

  • Leave a Comment

Categories