




credit – Myanmarload

Unicode

ဝ နေတယ်လို့မ​ပြော​ကြေးနော် ကိုယ်ခံအား​ကောင်း​အောင်စား​နေရတာလို့ပြောလာတဲ့ စိုးမြတ်နန္ဒာ

ချစ်ပရိသတ်ကြီးရေ… သရုပ်ဆောင် စိုးမြတ်နန္ဒာကတော့ အကယ်ဒမီဆုကြီးတွေကို ထိုက်ထိုက်တန်တန်ရရှိထားပြီး အနုပညာလောကမှာ ထိပ်တန်းမင်းသမီးတစ်ယောက်အနေနဲ့ ရပ်တည်အောင်မြင်နေတဲ့ သူပဲ ဖြစ်ပါတယ် ။ အဆိုတော် ၊ သရုပ်ဆောင်ကြီး စိုးသူနဲ့လည်း သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားပြီး အေးချမ်းသာယာစွာ ဘဝခရီးလမ်းကို လျှောက်လှမ်းနေတာပဲ ဖြစ်ပါတယ်။

အရင်ကနဲ့မတူပဲ ဝဝပြည့်ပြည့်လေးနဲ့ ကျက်သရေရှိတဲ့ အလှမျိုးကို ပိုင်ဆိုင်ထားတဲ့ စိုးမြတ်နန္ဒာက မိန်းကလေးပရိသတ်တွေရဲ့ အားကျချစ်ခင်မှုကိုလည်း တစ်ခဲနက်ရရှိထားတာပါ။ ဒါ့အပြင် ဖက်ရှင်ဒီဇိုင်းတွေကလည်း သူမနဲ့ လိုက်ဖက်ညီပြီး မင်းသမီးပိုးထည်တိုက်ကနေ ထွက်သမျှဖက်ရှင်တွေကို လှလှပပလေး ဝတ်ပြလေ့ရှိတာလည်း ဖြစ်ပါတယ်။ ယနေ့မှာလည်း စိုးမြတ်နန္ဒာက သူမတို့ ပိုးထည်တိုက်က ထွက်တဲ့ ဖက်ရှင်လေးကို ဝတ်ပြီး ပုံလေးတွေတင်ပေးလာတာပဲ ဖြစ်ပါတယ် ။

ကျက်သရေရှိစွာ လှရက်လွန်းနေတဲ့ သူမရဲ့ ပုံလေးတွေအပြင် ” ဝ နေတယ်လို့မ​ပြော​ကြေးနော် ကိုယ်ခံအား​ကောင်း​အောင်စား​နေရတာ ကိုယ့်ဧည့်သည်​တွေအတွက် အထည်လှလှ​လေး​တွေထွက်​အောင်လဲကူ​ပေး​နေရ​သေးတယ်​နော် ” ဆိုပြီး သူမရဲ့ဖေ့ဘွတ်စာမျက်နှာထက်မှာ ရေးသားထားပါသေးတယ်။ ကဲ…ချစ်ရတဲ့ ပရိသတ်တွေ အတွက် မင်းသမီး စိုးမြတ်နန္ဒာ ရဲ့ ပုံလေးတွေကို ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်….. ။

Source & Photo credit – Soe Myat Nandar

credit – Myanmarload

  • Leave a Comment