မိခင် မေတ္တာက အလွန်မြင့်မြတ်တယ်လို့ မကြာခဏပြောလေ့ရှိပေမယ့် ဖခင်မေတ္တာကလည်း အလွန်မြင့်မြတ်ပါတယ်။ ဖခင်များက တခါတရံ အနည်းငယ် တည်ငြိမ်နေတာကြောင့် သူတို့ရဲ့ ခံစားချက်များကို သီးခြားဖော်ပြလေ့မရှိပေမဲ့ မိဘများအနေဖြင့် သားသမီးအတွက် အရာရာကို စတေးတတ်ကြတာပါ။ မကြာသေးမီက လူမှုကွန်ရက်မှာ ဖခင်တစ်ဦးဟာ သားဖြစ်သူကို ကျောင်းမှခေါ်ဆောင်သွားတဲ့ ဗီဒီယိုဖိုင်တစ်ခု ပျံ့နှံ့လာခဲ့ပါတယ်။ ဖခင်က မတော်တဆမှုကြောင့် ခြေထောက်တဖက်မရှိဘဲ မသန်းမစွမ်းဖြစ်ပုံရပါတယ်။
ဖခင်က ထော့နဲ့ထော့နဲ့ သုံးဘီးဆိုင်ကယ်ပေါ်ကနေ ဆင်းလာပြီး သားငယ်ကို ကျောင်းတံခါးကို တွဲခေါ်သွားရင်း မျက်မြင်တွေ့သူတိုင်းကို တုန်လှုပ်စေခဲ့ပါတယ်။ ဒီဖခင်က ပြီးပြည့်စုံဆုံးလူမဟုတ်ပေမယ့် သူ့သားကိုတော့ ပြီးပြည့်စုံတဲ့ပုံစံနဲ့ အမြဲချစ်နေတယ်ဆိုတာ မြင်နိုင်ပါတယ်။
JRose(Tgidailynews)
Zawgyi
ခြေထောက်တစ်ဖက်သာရှိပေမဲ့ သားဖြစ်သူကို ကျောင်းသို့ ခေါ်ဆောင်သွားတဲ့ မသန်မစွမ်းဖခင်တစ်ဦးရဲ့ ကြည်နူးဖွယ်ပုံရိပ်
JRose(Tgidailynews)