ဆေးရုံကုတင်ပေါ် မှာ ဇနီးကို မသေဆုံးခင် အချိန်လေး တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားခဲ့တဲ့ အဘိုးအိုတို့ရဲ့ ပုံရိပ်ဟာ ကြည့်မိသူတိုင်း ငိုစေခဲ့တဲ့အဖြစ်

လင်နဲ့မယားကြားက ချစ်ခြင်းမေတ္တာဟာ မြင့်မြတ်တဲ့ခံစားမှု၊ မျှဝေခံစားခြင်း ၊ ပျော်ရွှင်ခြင်း ၊ ဝမ်းနည်းခြင်းတွေကို အတူတကွ တွေ့ကြုံခံစားခြင်းပါပဲ။ မကြာသေးမီက အဘိုးအိုဟာ ဆေးရုံခုတင်ပေါ်မှာ လဲလျောင်းနေချိန်မှာ ဇနီးဖြစ်သူကို ပွေ့ဖက်နမ်းရှုံ့နေတဲ့ ဗီဒီယိုဖိုင်ကို မျှဝေခဲ့ပါတယ်။ အဲဒီအခိုက်အတန့်လေးဟာ လူတွေကို အရည်ပျော်စေသလို ချိုမြိန်လွန်းတာကြောင့် လူတော်တော်များများက ထိမိပြီး ငိုခဲ့ကြပါတယ်။

အချိန်တိုအတွင်းသာဖြစ်သော်လည်း ဗီဒီယိုဖိုင်က ကြည့်ရှုသူများကို ခံစားစေပါတယ်။ တင်ထားတဲ့ ကလစ်ပိုင်ရှင်ရဲ့ ပြောကြားချက်အရ အသက်အရွယ်ကြီးရင့်ပြီး အားနည်းမှုကြောင့် အဘိုးအိုဟာ ဦးနှောက်ခွဲစိတ်မှု အကြီးစား ခံယူပြီး ဆေးရုံကနေ ပြန်လာခဲ့ပါတယ်။ အဘိုးအိုလင်မယားက နှစ်ပေါင်းများစွာ အတူနေထိုင်လာရင်း ဘဝရဲ့ မုန်တိုင်းတွေ ဖြတ်ကျော်လာရင်း ဘဝနဲ့ သေခြင်းရဲ့ တံခါးမှာ ရပ်တည်နေချိန်မှာတော့ ဇနီးမောင်နှံနှစ်ယောက်က တွဲပြီး မထွက်ခွာချင်ကြသေးပါဘူး။
အချစ်မလွန်ခင်မှာ ကံကြမ္မာက သူတို့နှစ်ယောက်ရဲ့ ဘဝခရီးမှာ တစ်ယောက်ကိုတစ်ယောက် လိုက်သွားနိုင်အောင် စီစဉ်ပေးခဲ့ပါတယ်။ ဘဝရဲ့အဆုံးမှာတော့ အဘိုးနဲ့အဘွားက မိနစ်ခြား သေဆုံးသွားခဲ့ပါတယ်။

လူမှုကွန်ယက်မှာ မျှဝေခဲ့ပြီးနောက် စုံတွဲလေးရဲ့ အဖိုးတန်အခိုက်အတန့်လေးကတော့ လူအများကို ငိုစေခဲ့ပါတယ်။ အဘိုးအဘွား နှစ်ယောက်က နောက်ကမ္ဘာကို လက်ဆွဲနှုတ်ဆက်ရုံသာမက တစ်ယောက်ကိုတစ်ယောက် တစ်သက်လုံး ချစ်မြတ်နိုးတာကြောင့်လည်း ဖြစ်ပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories