၁ ပတ်ကြာပျောက်ဆုံးသွားတဲ့ သခင်ကို ရဲတွေရှေ့ကနေ အနှံ့ခံရင်း လမ်းညွှန်ခဲ့တဲ့ သစ္စာရှိခွေးလေး

အင်တာနက်ပေါ်မှာ လူအများကို အဆက်မပြတ် ဖမ်းစားနေတဲ့ ခွေးလေးတစ်ကောင်ကို သူရဲကောင်းအဖြစ် ချီးကျူးခဲ့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီသစ္စာရှိခွေးလေးဟာ သဲကန္တာရထဲမှာ တစ်ပတ်ကြာ လမ်းလျှောက်ရင်း ပျောက်ဆုံးသွားတဲ့ သခင်ကို ရှာဖွေဖို့ ရဲနဲ့ ကယ်ဆယ်ရေးသမားတွေကို ဦးဆောင်နိုင်လို့ပါပဲ။ မက္ကဆီကိုနိုင်ငံ Sonora ပြည်နယ်မှ အသက် ၈၄ နှစ်အရွယ် Gregorio Romero ဟာ မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တစ်ခု ကြုံခဲ့ပါတယ်။

Gregorio Romero က တစ်ခါတစ်ရံမှာ ထိုဒေသရှိ အခြားအနီးနား ရွာများကို ခရီးထွက်ပြီး ရက်အနည်းငယ်အကြာမှ ပြန်လာတက်တာကြောင့် မသားစုတွေက အစမှာ စိတ်မပူခဲ့ကြပါဘူး။ ဒါပေမဲ့ လေးရက်အကြာမှာ မြေးမလေး Ramona က အဘိုးရဲ့ ပျောက်ဆုံးမှုကို သတင်းပို့ခဲ့ပါတယ်။ ရဲ့များက အိမ်တဝိုက် ဧရိယာကို ရှာဖွေခဲ့ကြပေမဲ့ သဲလွန်စတွေ ရှာမတွေ့ခဲ့ပါဘူး။ နောက်ဆုံးမှာ ထိုအမျိုးသားရဲ့ သစ္စာရှိခွေးက အိမ်မှ ၂ မိုင်နီးပါးအကွာမှာ ပိတ်မိနေတဲ့ အဖိုးကို လိုက်ပြပြီးနောက် ကယ်တင်နိုင်ခဲ့ပါတယ်။ ထို့နောက် အဖိုးကို မက္ကဆီကို လူမှုဖူလုံရေး အင်စတီကျု (IMSS) ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

၁ ပတ္ၾကာေပ်ာက္ဆုံးသြားတဲ့ သခင္ကို ရဲေတြေရွ႕ကေန အႏွံ႔ခံရင္း လမ္းၫႊန္ခဲ့တဲ့ သစၥာရွိေခြးေလး

အင္တာနက္ေပၚမွာ လူအမ်ားကို အဆက္မျပတ္ ဖမ္းစားေနတဲ့ ေခြးေလးတစ္ေကာင္ကို သူရဲေကာင္းအျဖစ္ ခ်ီးက်ဴးခဲ့ၾကပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ ဒီသစၥာရွိေခြးေလးဟာ သဲကႏၲာရထဲမွာ တစ္ပတ္ၾကာ လမ္းေလွ်ာက္ရင္း ေပ်ာက္ဆုံးသြားတဲ့ သခင္ကို ရွာေဖြဖို႔ ရဲနဲ႔ ကယ္ဆယ္ေရးသမားေတြကို ဦးေဆာင္ႏိုင္လို႔ပါပဲ။ မကၠဆီကိုႏိုင္ငံ Sonora ျပည္နယ္မွ အသက္ ၈၄ ႏွစ္အ႐ြယ္ Gregorio Romero ဟာ မေမွ်ာ္လင့္ထားတဲ့ အျဖစ္အပ်က္တစ္ခု ႀကဳံခဲ့ပါတယ္။

Gregorio Romero က တစ္ခါတစ္ရံမွာ ထိုေဒသရွိ အျခားအနီးနား ႐ြာမ်ားကို ခရီးထြက္ၿပီး ရက္အနည္းငယ္အၾကာမွ ျပန္လာတက္တာေၾကာင့္ မသားစုေတြက အစမွာ စိတ္မပူခဲ့ၾကပါဘူး။ ဒါေပမဲ့ ေလးရက္အၾကာမွာ ေျမးမေလး Ramona က အဘိုးရဲ႕ ေပ်ာက္ဆုံးမႈကို သတင္းပို႔ခဲ့ပါတယ္။ ရဲ႕မ်ားက အိမ္တဝိုက္ ဧရိယာကို ရွာေဖြခဲ့ၾကေပမဲ့ သဲလြန္စေတြ ရွာမေတြ႕ခဲ့ပါဘူး။ ေနာက္ဆုံးမွာ ထိုအမ်ိဳးသားရဲ႕ သစၥာရွိေခြးက အိမ္မွ ၂ မိုင္နီးပါးအကြာမွာ ပိတ္မိေနတဲ့ အဖိုးကို လိုက္ျပၿပီးေနာက္ ကယ္တင္ႏိုင္ခဲ့ပါတယ္။ ထို႔ေနာက္ အဖိုးကို မကၠဆီကို လူမႈဖူလုံေရး အင္စတီက်ဳ (IMSS) ေဆး႐ုံသို႔ ပို႔ေဆာင္ခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories