ကွာရှင်းရန်ပြင်ဆင်တဲ့ဇနီးက ဖျားနာတဲ့အတွက် ခင်ပွန်းက လိုလေသေးမရှိ ဂရုစိုက်ပြုစုပေးခဲ့တာကြောင့် စိတ်ပြောင်းပြီး ကွာရှင်းမှုကို ပြန်ရုပ်သိမ်းခဲ့တဲ့ ဇနီးသည်

လတ်တလောမှာတော့ စုံတွဲတစ်တွဲရဲ့ အဖြစ်အပျက်ဟာ တရုတ်လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။ သတင်းတွေအရတော့ တရုတ်နိုင်ငံအရှေ့ပိုင်း Jiangxi ပြည်နယ်က စုံတွဲတစ်တွဲဟာ 2022 ခုနှစ် ဒီဇင်ဘာလ 14 ရက်နေ့မှာ ကွာရှင်းပြတ်စဲဖို့ ဆုံးဖြတ်ခဲ့ပြီး 1 လကြာအောင် စောင့်ဆိုင်းဖို့ ဥပဒေကို တရုတ်က ပြဌာန်းခဲ့ပါတယ်။ ကွာရှင်းပြတ်စဲခြင်း အချိန်အခါကို စောင့်မျှော်နေကြတဲ့ စုံတွဲများက တစ်အိမ်တည်းမှာ အတူနေထိုင်နေကြဆဲဖြစ်ပါတယ်။ ဒီအခိုက်အတန့်မှာ ဇနီးသည်က COVID-19 ပိုးတွေ့တော့ သူ့မှာ အလွန်အားနည်းတဲ့ ခန္ဓာကိုယ်ရှိပါတယ်။

အိပ်ရာထဲမှာ အနားယူရတဲ့အတွက် ဒီတစ်ခါ COVID ကြောင့် သူမကို ခင်ပွန်းက ဘယ်လောက်ချစ်ပြီး ဂရုစိုက်တယ်ဆိုတာ သူမသိလာရပါတယ်။ ခင်ပွန်းသည်က သူ့မိန်းမကို အရမ်းဂရုစိုက်ပါတယ်။ တစ်ရှူးများပေးခြင်းမှ ခြေအိတ်ဝတ်ပေးခြင်းအထိ အစားအသောက်ပြင်ဆင်ပေးပါတယ်။ ထမင်းစားချိန်ရောက်သောအခါ တံခါးကို ဖြည်းညှင်းစွာ တွန်းပြီး ထမင်းဗန်းကို ယူလာခဲ့ပါတယ်။ ထို့အပြင် ဇနီးဖြစ်သူ လုံလောက်တဲ့ အာဟာရရရှိရန် အစားအသောက်ကိုလည်း တစ်နေ့တစ်မျိုး ပုံမှန်ပြောင်းခဲ့ပါတယ်။

ဖျားနာပြီး ရုပ်ပိုင်းဆိုင်ရာ အားနည်းနေပေမဲ့ ခင်ပွန်းဖြစ်သူရဲ့ ချစ်ခြင်းမေတ္တာကြောင့် ဖြစ်ပျက်ခဲ့သမျှကို နောက်တစ်ကြိမ် ပြန်တွေးစေခဲ့ပါတယ်။ သူတို့လင်မယားက 12 နှစ်ကျော်ကြာ ဆက်ဆံရေးတစ်ခုဖြစ်ပြီး ခင်ပွန်းသည်က တိတ်ဆိတ်ပြီး အလွန်အလုပ်ကြိုးစားသူဖြစ်ပါတယ်။ ဆက်သွယ်မှု ပြတ်တောက်ခြင်းကြောင့် သူမ ကွာရှင်းလိုခြင်း ဖြစ်ပါတယ်။ ဒါပေမဲ့ သူမဖျားနာတဲ့အခါ ခင်ပွန်းဖြစ်သူရဲ့ စိတ်ရှည်မှုနဲ့ ဂရုစိုက်မှုက သူမရဲ့သဘောထားကို ပြောင်းလဲစေခဲ့ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် စကားများကြပြီး ပြန်လည်သင့်မြတ်ကြပြီး ကွာရှင်းကြောင်း ကြေငြာချက်တွေကို ရုပ်သိမ်းခဲ့လိုက်ပါတယ်။

JRose(Tgidailynews)

Zawgyi

ကြာရွင္းရန္ျပင္ဆင္တဲ့ဇနီးက ဖ်ားနာတဲ့အတြက္ ခင္ပြန္းက လိုေလေသးမရွိ ဂ႐ုစိုက္ျပဳစုေပးခဲ့တာေၾကာင့္ စိတ္ေျပာင္းၿပီး ကြာရွင္းမႈကို ျပန္႐ုပ္သိမ္းခဲ့တဲ့ ဇနီးသည္

လတ္တေလာမွာေတာ့ စုံတြဲတစ္တြဲရဲ႕ အျဖစ္အပ်က္ဟာ တ႐ုတ္လူမႈကြန္ရက္မွာ ပ်ံ႕ႏွံ႔ခဲ့ပါတယ္။ သတင္းေတြအရေတာ့ တ႐ုတ္ႏိုင္ငံအေရွ႕ပိုင္း Jiangxi ျပည္နယ္က စုံတြဲတစ္တြဲဟာ 2022 ခုႏွစ္ ဒီဇင္ဘာလ 14 ရက္ေန႔မွာ ကြာရွင္းျပတ္စဲဖို႔ ဆုံးျဖတ္ခဲ့ၿပီး 1 လၾကာေအာင္ ေစာင့္ဆိုင္းဖို႔ ဥပေဒကို တ႐ုတ္က ျပဌာန္းခဲ့ပါတယ္။ ကြာရွင္းျပတ္စဲျခင္း အခ်ိန္အခါကို ေစာင့္ေမွ်ာ္ေနၾကတဲ့ စုံတြဲမ်ားက တစ္အိမ္တည္းမွာ အတူေနထိုင္ေနၾကဆဲျဖစ္ပါတယ္။ ဒီအခိုက္အတန႔္မွာ ဇနီးသည္က COVID-19 ပိုးေတြ႕ေတာ့ သူ႔မွာ အလြန္အားနည္းတဲ့ ခႏၶာကိုယ္ရွိပါတယ္။

အိပ္ရာထဲမွာ အနားယူရတဲ့အတြက္ ဒီတစ္ခါ COVID ေၾကာင့္ သူမကို ခင္ပြန္းက ဘယ္ေလာက္ခ်စ္ၿပီး ဂ႐ုစိုက္တယ္ဆိုတာ သူမသိလာရပါတယ္။ ခင္ပြန္းသည္က သူ႔မိန္းမကို အရမ္းဂ႐ုစိုက္ပါတယ္။ တစ္ရႉးမ်ားေပးျခင္းမွ ေျခအိတ္ဝတ္ေပးျခင္းအထိ အစားအေသာက္ျပင္ဆင္ေပးပါတယ္။ ထမင္းစားခ်ိန္ေရာက္ေသာအခါ တံခါးကို ျဖည္းညႇင္းစြာ တြန္းၿပီး ထမင္းဗန္းကို ယူလာခဲ့ပါတယ္။ ထို႔အျပင္ ဇနီးျဖစ္သူ လုံေလာက္တဲ့ အာဟာရရရွိရန္ အစားအေသာက္ကိုလည္း တစ္ေန႔တစ္မ်ိဳး ပုံမွန္ေျပာင္းခဲ့ပါတယ္။

ဖ်ားနာၿပီး ႐ုပ္ပိုင္းဆိုင္ရာ အားနည္းေနေပမဲ့ ခင္ပြန္းျဖစ္သူရဲ႕ ခ်စ္ျခင္းေမတၱာေၾကာင့္ ျဖစ္ပ်က္ခဲ့သမွ်ကို ေနာက္တစ္ႀကိမ္ ျပန္ေတြးေစခဲ့ပါတယ္။ သူတို႔လင္မယားက 12 ႏွစ္ေက်ာ္ၾကာ ဆက္ဆံေရးတစ္ခုျဖစ္ၿပီး ခင္ပြန္းသည္က တိတ္ဆိတ္ၿပီး အလြန္အလုပ္ႀကိဳးစားသူျဖစ္ပါတယ္။ ဆက္သြယ္မႈ ျပတ္ေတာက္ျခင္းေၾကာင့္ သူမ ကြာရွင္းလိုျခင္း ျဖစ္ပါတယ္။ ဒါေပမဲ့ သူမဖ်ားနာတဲ့အခါ ခင္ပြန္းျဖစ္သူရဲ႕ စိတ္ရွည္မႈနဲ႔ ဂ႐ုစိုက္မႈက သူမရဲ႕သေဘာထားကို ေျပာင္းလဲေစခဲ့ပါတယ္။ တစ္ေယာက္နဲ႔တစ္ေယာက္ စကားမ်ားၾကၿပီး ျပန္လည္သင့္ျမတ္ၾကၿပီး ကြာရွင္းေၾကာင္း ေၾကျငာခ်က္ေတြကို ႐ုပ္သိမ္းခဲ့လိုက္ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories