ခြေဖဝါးဖြင့် စန္ဒယားတီးခြင်းကို ၁၀ နှစ်ကြာအောင် သင်ပြီး ရွှေတံဆိပ်များစွာ ရရှိခဲ့တဲ့ မသန်မစွမ်းအမျိုးသား

မကြာသေးမီက အသက် ၂၈ နှစ်အရွယ် Tran Van Linh အမည်ရှိ အမျိုးသားတစ်ဦးဟာ ခြေထောက်ဖြင့် စန္ဒယားတီးခြင်းကို ၁၀ နှစ်ကျော်ကြာအောင် လေ့ကျင့်ခဲ့ချိန်မှာ လူတိုင်းကို အလွန်လေးစားစေခဲ့ပါတယ်။ အထူးသဖြင့် Linh ဟာ မွေးစကတည်းက သာမန်ကလေးများလို့ မကျန်းမာဘဲ သူ့ရဲ့လက်များ လှုပ်ရှားနိုင်ခြင်းမရှိကြောင်း သိရပါတယ်။

ထိုအချိန်က Linh ရဲ့ မိသားစုဟာ အလွန်ခက်ခဲခဲ့ပြီး သူ့မိဘများက သာမန်အလုပ်သမားများသာဖြစ်ပါတယ်။ တစ်နေ့မှာ Linh ရဲ့မိခင်က ရုတ်တရက် သေဆုံးသွားခဲ့ပြီး အဲဒီအချိန်မှာ အဖေက အလုပ်တွေရှုပ်နေတော့ သားသမီးတွေကို ပြုစုဖို့ အချိန်မရှိခဲ့ပါဘူး။ ထို့ကြောင့် Linh ကို အိမ်မှာသာနေရန် အဖေက စန္ဒယားဝယ်ပေးခဲ့ပါတယ်။

စန္ဒယားတီးခြင်းကို ပုံမှန်အားဖြင့် မလွယ်ကူသော်လည်း ဇွဲနဲ့ ကြိုးစားအားထုတ်မှု လိုအပ်ပါတယ်။ Linh က ဂီတတူရိယာများတီးရန် ခြေဖဝါးကို အသုံးပြုထားတာကြောင့် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရပါတယ်။ စန္ဒယားကို ကျွမ်းကျွမ်းကျင်ကျင်တီးနိုင်ဖို့ ၁၀ နှစ်ကျော်လောက် ကြိုးစားအားထုတ်ခဲ့ရပါတယ်။
ဂီတကို ဝါသနာပါတာကြောင့် Linh က ဆုများစွာရရှိခဲ့ပြီး မသန်စွမ်းသူများအတွက် တစ်ကိုယ်တော် ဂီတတူရိယာအတွက် ရွှေတံဆိပ် ၂ ခု ရရှိခဲ့ပါတယ်။ Linh ရဲ့ အဖေက သူ့သားအတွက် အရမ်းဂုဏ်ယူခဲ့ပါတယ်။ စိတ်အားထက်သန်တဲ့ ဒီကောင်လေးရဲ့ အကြောင်းကို မျှဝေပြီးနောက်မှာတော့ လူတိုင်းရဲ့ အားပေးမှုကို ရရှိခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

ေျခဖဝါးျဖင့္ စႏၵယားတီးျခင္းကို ၁၀ ႏွစ္ၾကာေအာင္ သင္ၿပီး ေ႐ႊတံဆိပ္မ်ားစြာ ရရွိခဲ့တဲ့ မသန္မစြမ္းအမ်ိဳးသား

မၾကာေသးမီက အသက္ ၂၈ ႏွစ္အ႐ြယ္ Tran Van Linh အမည္ရွိ အမ်ိဳးသားတစ္ဦးဟာ ေျခေထာက္ျဖင့္ စႏၵယားတီးျခင္းကို ၁၀ ႏွစ္ေက်ာ္ၾကာေအာင္ ေလ့က်င့္ခဲ့ခ်ိန္မွာ လူတိုင္းကို အလြန္ေလးစားေစခဲ့ပါတယ္။ အထူးသျဖင့္ Linh ဟာ ေမြးစကတည္းက သာမန္ကေလးမ်ားလို႔ မက်န္းမာဘဲ သူ႔ရဲ႕လက္မ်ား လႈပ္ရွားႏိုင္ျခင္းမရွိေၾကာင္း သိရပါတယ္။

ထိုအခ်ိန္က Linh ရဲ႕ မိသားစုဟာ အလြန္ခက္ခဲခဲ့ၿပီး သူ႔မိဘမ်ားက သာမန္အလုပ္သမားမ်ားသာျဖစ္ပါတယ္။ တစ္ေန႔မွာ Linh ရဲ႕မိခင္က ႐ုတ္တရက္ ေသဆုံးသြားခဲ့ၿပီး အဲဒီအခ်ိန္မွာ အေဖက အလုပ္ေတြရႈပ္ေနေတာ့ သားသမီးေတြကို ျပဳစုဖို႔ အခ်ိန္မရွိခဲ့ပါဘူး။ ထို႔ေၾကာင့္ Linh ကို အိမ္မွာသာေနရန္ အေဖက စႏၵယားဝယ္ေပးခဲ့ပါတယ္။

စႏၵယားတီးျခင္းကို ပုံမွန္အားျဖင့္ မလြယ္ကူေသာ္လည္း ဇြဲနဲ႔ ႀကိဳးစားအားထုတ္မႈ လိုအပ္ပါတယ္။ Linh က ဂီတတူရိယာမ်ားတီးရန္ ေျခဖဝါးကို အသုံးျပဳထားတာေၾကာင့္ အခက္အခဲမ်ားစြာ ႀကဳံေတြ႕ခဲ့ရပါတယ္။ စႏၵယားကို ကြၽမ္းကြၽမ္းက်င္က်င္တီးႏိုင္ဖို႔ ၁၀ ႏွစ္ေက်ာ္ေလာက္ ႀကိဳးစားအားထုတ္ခဲ့ရပါတယ္။
ဂီတကို ဝါသနာပါတာေၾကာင့္ Linh က ဆုမ်ားစြာရရွိခဲ့ၿပီး မသန္စြမ္းသူမ်ားအတြက္ တစ္ကိုယ္ေတာ္ ဂီတတူရိယာအတြက္ ေ႐ႊတံဆိပ္ ၂ ခု ရရွိခဲ့ပါတယ္။ Linh ရဲ႕ အေဖက သူ႔သားအတြက္ အရမ္းဂုဏ္ယူခဲ့ပါတယ္။ စိတ္အားထက္သန္တဲ့ ဒီေကာင္ေလးရဲ႕ အေၾကာင္းကို မွ်ေဝၿပီးေနာက္မွာေတာ့ လူတိုင္းရဲ႕ အားေပးမႈကို ရရွိခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories