မွေးရပ်မြေကိုပြန်ဖို့ လမ်းစရိတ်မရှိတဲ့ ဆင်းရဲသားတစ်ဦးကို ကူညီခဲ့တဲ့ ကြင်နာတက်သူအမျိုးသား

မကြာသေးမီက ဇာတိမြို့ကို ပြန်ဖို့ လမ်းဘေးမှာ လဲလျောင်းနေတဲ့ အမျိုးသားတစ်ဦးဟာ လူအများရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ အဆိုပါ ဗီဒီယိုဖိုင်ကို တင်ခဲ့သူရဲ့ ပြောကြားချက်အရ အဆိုပါ အမျိုးသားဟာ အခြားမြို့ကို အိမ်ထိန်းအဖြစ် သွားရောက်လုပ်ကိုင်ခဲ့ကြောင်း သိရှိရပါတယ်။ ဒါပေမဲ့အကြောင်းတစ်ခုခုကြောင့် သူ့အဝတ်အစားတွေ စွန်းထင်းသွားပြီး အသံက အားနည်းသွားတဲ့အခါ အတော်လေး သနားစရာကောင်းတဲ့ အခြေအနေတစ်ခုကို ရောက်သွားခဲ့ပါတယ်။

အဆိုပါအမျိုးသားက ချမ်းအေးတဲ့ညမှာ ခိုကိုးရာမဲ့ လဲလျောင်းရင်း သူ့ကိုယ်သူ ကတ်ထူသေတ္တာထဲမှာပဲ နေနိုင်ခဲ့ပါတယ်။ သူ့အခြေနေက သနားစရာကောင်းလွန်းပြီး ကျန်းမာရေးမကောင်းတာကိုမြင်တော့ ကြင်နာတက်တဲ့အမျိုးသား နဲ့ တခြားလူတချို့က လက်တွဲပြီး ကူညီဖို့ ဆုံးဖြတ်ခဲ့ကြပြီး ဝမ်ငွေ 4 သန်း စုဆောင်းပြီး မွေးရပ်မြေကို ပြန်ဖို့ ကားဂိတ်ကို ခေါ်သွားခဲ့ကြပါတယ်။ ထို့အပြင် လူအများက သူ့ကို အနွေးထည်၊ ဖိနပ်တစ်ရံနဲ့ ကိတ်မုန့်လက်ဆောင်များ ပေးပြီး သူ့မွေးရပ်မြေကို ပြန်သွားကြပါတယ်။ ၎င်းကို ထုတ်ဝေပြီးတဲ့ နောက်မှာတော့ လူအများအပြားက ထိုကြင်နာတက်တဲ့ သူတွေကို ချီးကျူးခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories