အဝေးမှ အလုပ်သွားလုပ်တဲ့ သမီးလေးက ရုတ်တရက် အိမ်ပြန်ရောက်လာတဲ့အခါ မျက်ရည်တွေ ထိန်းမနိုင်သိမ်မရနဲ့ သမီးလေးကို ပွေ့ဖက်ခဲ့တဲ့ မိဘနှစ်ပါး

မကြာသေးမီက လူမှုကွန်ရက်တွေမှာ နိုင်ငံခြားမှ ပြန်လာတဲ့ သမီးလေးတစ်ယောက်ကို ပြန်လည်ဆုံဆည်းတဲ့ မိဘတို့ရဲ့ ဗီဒီယိုဖိုင်ကို လူမှုကွန်ယက်မှာ မျှဝေခဲ့ပြီး လူအများကို စိတ်လှုပ်ရှားစေခဲ့ပါတယ်။ အထူးသဖြင့် ထိုင်ဝမ်မှာ အလုပ်သွားလုပ်တဲ့ မိန်းကလေးက Tet အခမ်းအနားကို မပြန်နိုင်ကြောင်း သူ့ရဲ့မိဘများကို ယခင်က အသိပေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ဆုံးမှာတော့ ကောင်မလေးက ရုတ်တရက် ပြန်လာခဲ့ပါတယ်။ မိဘတွေက ကလေးကို မြင်လိုက်တဲ့အခါ သူတို့ရဲ့ ခံစားချက်တွေကို မဖုံးကွယ်ထားနိုင်တော့ဘဲ ဝမ်းသားလွန်းအားကြီးနဲ့ မျက်ရည်တွေကျခဲ့ပါတယ်။

ဖခင်ဖြစ်သူက သူ့သမီးငယ်လေးကိုမြင်တော့ ပွေ့ဖက်ပြီး မျက်ရည်တွေကျခဲ့ရပါတယ်။ မီးဖိုချောင်ထဲမှာ အသားဆေးပြီး ထမင်းချက်နေတဲ့ အမေက သူ့မျက်လုံးတွေကို မယုံနိုင်သေးလို့ သမီးလေးရဲ့ အသံကိုကြားတော့ စိတ်ထဲမှာ မျက်ရည်တွေ ထိန်းမနိုင်ဖြစ်သွားပါတယ်။ ကောင်မလေးက သူ့အမေရဲ့မျက်ရည်တွေကို လက်နဲ့အမြန်သုတ်လိုက်ပြီး “မငိုနဲ့၊ သမီးပြန်လာပြီဘဲ၊ ပွေ့ဖက်ထားပါအုန်း” လို့ပြောလိုက်ပါတယ်။ ဗီဒီယိုဖိုင်ကို လွှင့်တင်ပြီးပြီးချင်းမှာပဲ အထူးသဖြင့် နိုင်ငံရပ်ခြားမှာ နေထိုင်ကြသူများနဲ့ မိသားစုနဲ့ အတူ မကြာမီ တွေ့ရတော့မှာဖြစ်တဲ့ သူတွေကို ရင်ခုန်စိတ်လှုပ်ရှားစေပါတယ်။

JRose(Tgidailynews)

Zawgyi

အေဝးမွ အလုပ္သြားလုပ္တဲ့ သမီးေလးက ႐ုတ္တရက္ အိမ္ျပန္ေရာက္လာတဲ့အခါ မ်က္ရည္ေတြ ထိန္းမႏိုင္သိမ္မရနဲ႔ သမီးေလးကို ေပြ႕ဖက္ခဲ့တဲ့ မိဘႏွစ္ပါး

မၾကာေသးမီက လူမႈကြန္ရက္ေတြမွာ ႏိုင္ငံျခားမွ ျပန္လာတဲ့ သမီးေလးတစ္ေယာက္ကို ျပန္လည္ဆုံဆည္းတဲ့ မိဘတို႔ရဲ႕ ဗီဒီယိုဖိုင္ကို လူမႈကြန္ယက္မွာ မွ်ေဝခဲ့ၿပီး လူအမ်ားကို စိတ္လႈပ္ရွားေစခဲ့ပါတယ္။ အထူးသျဖင့္ ထိုင္ဝမ္မွာ အလုပ္သြားလုပ္တဲ့ မိန္းကေလးက Tet အခမ္းအနားကို မျပန္ႏိုင္ေၾကာင္း သူ႔ရဲ႕မိဘမ်ားကို ယခင္က အသိေပးခဲ့ပါတယ္။ ဒါေပမယ့္ ေနာက္ဆုံးမွာေတာ့ ေကာင္မေလးက ႐ုတ္တရက္ ျပန္လာခဲ့ပါတယ္။ မိဘေတြက ကေလးကို ျမင္လိုက္တဲ့အခါ သူတို႔ရဲ႕ ခံစားခ်က္ေတြကို မဖုံးကြယ္ထားႏိုင္ေတာ့ဘဲ ဝမ္းသားလြန္းအားႀကီးနဲ႔ မ်က္ရည္ေတြက်ခဲ့ပါတယ္။

ဖခင္ျဖစ္သူက သူ႔သမီးငယ္ေလးကိုျမင္ေတာ့ ေပြ႕ဖက္ၿပီး မ်က္ရည္ေတြက်ခဲ့ရပါတယ္။ မီးဖိုေခ်ာင္ထဲမွာ အသားေဆးၿပီး ထမင္းခ်က္ေနတဲ့ အေမက သူ႔မ်က္လုံးေတြကို မယုံႏိုင္ေသးလို႔ သမီးေလးရဲ႕ အသံကိုၾကားေတာ့ စိတ္ထဲမွာ မ်က္ရည္ေတြ ထိန္းမႏိုင္ျဖစ္သြားပါတယ္။ ေကာင္မေလးက သူ႔အေမရဲ႕မ်က္ရည္ေတြကို လက္နဲ႔အျမန္သုတ္လိုက္ၿပီး “မငိုနဲ႔၊ သမီးျပန္လာၿပီဘဲ၊ ေပြ႕ဖက္ထားပါအုန္း” လို႔ေျပာလိုက္ပါတယ္။ ဗီဒီယိုဖိုင္ကို လႊင့္တင္ၿပီးၿပီးခ်င္းမွာပဲ အထူးသျဖင့္ ႏိုင္ငံရပ္ျခားမွာ ေနထိုင္ၾကသူမ်ားနဲ႔ မိသားစုနဲ႔ အတူ မၾကာမီ ေတြ႕ရေတာ့မွာျဖစ္တဲ့ သူေတြကို ရင္ခုန္စိတ္လႈပ္ရွားေစပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories