မြို့မှာ လူစည်ကားလွန်းပြီး အသက်ရှူကျပ်တယ်လို့ ခံစားလာရတဲ့ တရုတ်မိန်းကလေးဟာ မြို့ကထွက်ပြီး သူ့မွေးရပ်မြေကို ပြန်သွားဖို့ ချက်ခြင်း ဆုံးဖြတ်ပြီး အိမ်ဟောင်းကို အေးချမ်းတဲ့ နေရာအဖြစ် သူ့စိတ်ကြိုက် ပြုပြင်မွမ်းမံခဲ့ပါတယ်။ မကြာသေးမီက Tieu Dinh လို့ အမည်ပေးထားတဲ့ မိန်းကလေးက သူမရဲ့ လယ်ယာဘဝအကြောင်း လူမှုကွန်ယက်မှာ ဝေမျှပေးရင်း အာရုံစိုက်ခံခဲ့ရပါတယ်။
Tieu Dinh က မြို့တော်ကြီးမှာ ဖိအားများနဲ့ စိတ်ပျက်အားငယ်နေတတ်ပါတယ်။ ထို့ကြောင့် စုဆောင်းငွေအချို့နဲ့ Tieu Dinh က တရုတ်နိုင်ငံ Jiangnan ပည်နယ်ရှိ ကျေးလက်ဒေသမှာ သူမရဲ့အဖွားနဲ့ အတူ နေထိုင်သွားခဲ့ပါတယ်။ ကျေးလက်ရှိ လေကောင်းလေသန့်က ကလေးမလေးကို ချက်ချင်းပင် ကြည်နူးစေခဲ့ပါတယ်။
ထို့အပြင်သူမရဲ့ပျက်စီနေတဲ့ဥယျာဉ်ကို Tieu Dinh က စိတ်ကူးယဉ်ဆန်တဲ့ နတ်သမီးနေထိုင်တဲ့နေရာအဖြင့် ပြောင်းခဲ့ပါတယ်။ ညနေခင်းမှာ ဉယျာဉ်ပတ်လည်ရှိ အလင်းရောင်စနစ်က အလွန်ကဗျာဆန်တဲ့ မြင်ကွင်းကို ဖန်တီးပေးပါတယ်။ လက်ရှိမှာ Tieu Dinh ရဲ့ ဥယျာဉ်ပြုပြင်မွမ်းမံမှု ဓာတ်ပုံက လူတိုင်းထံမှ အာရုံစိုက်မှုနဲ့ ချီးကျူးမှုများစွာကို ရရှိနေဆဲဖြစ်ပါတယ်။
JRose(Tgidailynews)
Zawgyi
အိမ်က ဥယျာဉ်ဟောင်းကို နတ်သမီးအလား ကဗျာဆန်ပြီး လှပတဲ့နေရာအဖြင့် ပြန်လည်ပြုပြင်ခဲ့တဲ့ မိန်းကလေး
JRose(Tgidailynews)