အဖျား ၃၉ ဒီဂရီအထိ ဖျားနေကြောင်း အင်တာနက်ပေါ်တင်ပြီး ညည်းညူးရင်း ရုတ်တရက် ခေါင်းတလားဆိုင်မှ လျှော့စျေးနဲ့ ကမ်းလှမ်းခံရတဲ့ အမျိုးသား

ဒီဇင်ဘာလကုန်မှာ Anhui မှအမျိုးသားတစ်ဦးဟာ သူ့ရဲ့ဖျားနာမှုကိုဖော်ပြတဲ့ ဗီဒီယိုဖိုင်တစ်ခုကို အင်တာနက်ပေါ်မှာ တင်ခဲ့ပြီး သူက ရက်အတော်ကြာအအေးမိပြီး ခန္ဓာကိုယ်အပူချိန် 39-40 ဒီဂရီအထိ, ခန္ဓာကိုယ်နာကျင်မှုနဲ့ ပြင်းထန်စွာချောင်းဆိုးကာ ဖျားနာနေခဲ့တယ်လို့ ဆိုပါတယ်။ ဗီဒီယိုထဲက ဖျားနာမှုအကြောင်းပြောရင်း ချောင်းဆိုးလာပြီး ကင်မရာလှုပ်လာပါတယ်။

နောက်ရက်မှာ ခေါင်းတလားဆိုင်က သူ့ကို လျှော့စျေးများနဲ့ ကမ်းလှမ်းလာခဲ့ပါတယ်။ စျေးဆိုင်အချို့က တစ်ရက်ကို အကြိမ်ပေါင်းများစွာ သူ့ဆီလာရောက် ရောင်းချပြီး ဆက်သွယ်ကြပါတယ်။ အဆိုပါအမျိုးသားက မက်ဆေ့ချ်ကိုမြင်ပြီးနောက် ဒေါသစိတ်နဲ့ ကူကယ်ရာမဲ့ ဖြစ်ခဲ့ပါတယ်။ အဖြစ်အပျက်တွေကို အင်တာနက်သုံးစွဲသူတွေက လှောင်ပြောင်ပြောနေကြပါတယ်။

JRose(Tgidailynews)

Zawgyi

အဖ်ား ၃၉ ဒီဂရီအထိ ဖ်ားေနေၾကာင္း အင္တာနက္ေပၚတင္ၿပီး ညည္းညဴးရင္း ႐ုတ္တရက္ ေခါင္းတလားဆိုင္မွ ေလွ်ာ့ေစ်းနဲ႔ ကမ္းလွမ္းခံရတဲ့ အမ်ိဳးသား

ဒီဇင္ဘာလကုန္မွာ Anhui မွအမ်ိဳးသားတစ္ဦးဟာ သူ႔ရဲ႕ဖ်ားနာမႈကိုေဖာ္ျပတဲ့ ဗီဒီယိုဖိုင္တစ္ခုကို အင္တာနက္ေပၚမွာ တင္ခဲ့ၿပီး သူက ရက္အေတာ္ၾကာအေအးမိၿပီး ခႏၶာကိုယ္အပူခ်ိန္ 39-40 ဒီဂရီအထိ, ခႏၶာကိုယ္နာက်င္မႈနဲ႔ ျပင္းထန္စြာေခ်ာင္းဆိုးကာ ဖ်ားနာေနခဲ့တယ္လို႔ ဆိုပါတယ္။ ဗီဒီယိုထဲက ဖ်ားနာမႈအေၾကာင္းေျပာရင္း ေခ်ာင္းဆိုးလာၿပီး ကင္မရာလႈပ္လာပါတယ္။

ေနာက္ရက္မွာ ေခါင္းတလားဆိုင္က သူ႔ကို ေလွ်ာ့ေစ်းမ်ားနဲ႔ ကမ္းလွမ္းလာခဲ့ပါတယ္။ ေစ်းဆိုင္အခ်ိဳ႕က တစ္ရက္ကို အႀကိမ္ေပါင္းမ်ားစြာ သူ႔ဆီလာေရာက္ ေရာင္းခ်ၿပီး ဆက္သြယ္ၾကပါတယ္။ အဆိုပါအမ်ိဳးသားက မက္ေဆ့ခ်္ကိုျမင္ၿပီးေနာက္ ေဒါသစိတ္နဲ႔ ကူကယ္ရာမဲ့ ျဖစ္ခဲ့ပါတယ္။ အျဖစ္အပ်က္ေတြကို အင္တာနက္သုံးစြဲသူေတြက ေလွာင္ေျပာင္ေျပာေနၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories