ငွေးရေးကြေးရေးအခက်အခဲကြောင့် ထမင်းဖိုးရှင်းဖို့ အခက်ဖြစ်နေတဲ့ ကောင်လေးကို နာလည်းပေးပြီး ထမင်းဖိုးအားလုံးကို ရှင်းပေးခဲ့တဲ့ မိန်းကလေး

အချစ်ရေးမှာ ငွေကြေးကိစ္စများနဲ့ မကြာခဏ ကြုံရတတ်ပါတယ်။ သိမ်မွေ့တဲ့နည်းနဲ့ ကျွမ်းကျင်စွာ မကိုင်တွယ်တက်ရင် တစ်ဖက်လူကို စိတ်ဆိုးခြင်း (သို့) နားလည်မှုလွဲစေနိုင်ပါတယ်။ အထူးသဖြင့်၊ ယောက်ျားလေးများစွာက ကောင်မလေးနဲ့ ချိန်းတွေ့တဲ့အခါ အစားအသောက်တွေကို သူတို့ကဘဲရှင်းပေးနေကြပါ။ မကြာသေးမီက ကောင်လေးတစ်ယောက်ဟာ သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ထမင်းတစ်ပွဲကို တစ်ယောက်တစ်ဝက် စားမယ်လို့ ပြောခဲ့တဲ့ ချစ်စရာကောင်းတဲ့ အခိုက်အတန့်လေးကို ဝေမျှခဲ့ပါတယ်။ မိန်းကလေးက မပျော်မရွှင် မျက်နှာအမူအရာပြမဲ့ အစား သူမက ထူးထူးခြားခြား စိတ်လှုပ်ရှားနေပါတယ်။

ထို့ကြောင့် ထမင်းစားပြီးနောက် ကောင်လေးက ချက်ချင်းပဲ “ဒီနေ့တော့ မျှစားကြတာပေါ့” လို့ ပြောပါတယ်။ အဲဒါကိုကြားတော့ နှုတ်ခမ်းနီဆိုးထားတဲ့ မှန်ကိုကြည့်နေတဲ့ ကောင်မလေးက စက္ကန့်အနည်းငယ်လောက် ခေတ္တရပ်ပြီး “ဘာလို့ ဒီနေ့ လာဝေနေတာလဲ” လို့ မေးပါတယ်။ မင်း ပိုက်ဆံကုန်နေတာလား” လို့ သူ့ကောင်လေးကို အပြစ်ကင်းစွာ မေးခဲ့ပါတယ်။

ထို့နောက်မှာ သူမက ငွေရှင်းကောင်တာကို သွားပြီး ရှင်းခဲ့ပါတယ်။ မထွက်ခင်မှာ သူမရဲ့ ပိုက်ဆံအိတ်ကိုလည်း ထုတ်ပြီး သူ့ကောင်လေးကို ဘေလ် ၂ ဒေါ်လာပေးခဲ့ပါတယ်။ ဗီဒီယိုဖိုင်တင်ပြီးတာနဲ့ ချက်ချင်းဆိုသလိုပဲ ကြည့်ရှုသူတွေရဲ့ အာရုံစိုက်မှုကို ခံခဲ့ရပါတယ်။ လူတော်တော်များများက ဒီကောင်မလေးက တကယ်ကို နားလည်ပေးတတ်သူဖြစ်ပြီး သူ့ချစ်သူနဲ့ အခက်အခဲတွေကို ဝေမျှဖို့ အဆင်သင့်ဖြစ်ပုံပဲလို့ဆိုပါတယ်။

JRose(Tgidailynews)

Zawgyi

ေငြးေရးေၾကးေရးအခက္အခဲေၾကာင့္ ထမင္းဖိုးရွင္းဖို႔ အခက္ျဖစ္ေနတဲ့ ေကာင္ေလးကို နာလည္းေပးၿပီး ထမင္းဖိုးအားလုံးကို ရွင္းေပးခဲ့တဲ့ မိန္းကေလး

အခ်စ္ေရးမွာ ေငြေၾကးကိစၥမ်ားနဲ႔ မၾကာခဏ ႀကဳံရတတ္ပါတယ္။ သိမ္ေမြ႕တဲ့နည္းနဲ႔ ကြၽမ္းက်င္စြာ မကိုင္တြယ္တက္ရင္ တစ္ဖက္လူကို စိတ္ဆိုးျခင္း (သို႔) နားလည္မႈလြဲေစႏိုင္ပါတယ္။ အထူးသျဖင့္၊ ေယာက္်ားေလးမ်ားစြာက ေကာင္မေလးနဲ႔ ခ်ိန္းေတြ႕တဲ့အခါ အစားအေသာက္ေတြကို သူတို႔ကဘဲရွင္းေပးေနၾကပါ။ မၾကာေသးမီက ေကာင္ေလးတစ္ေယာက္ဟာ သူ႔ရဲ႕ခ်စ္သူေကာင္မေလးနဲ႔ ထမင္းတစ္ပြဲကို တစ္ေယာက္တစ္ဝက္ စားမယ္လို႔ ေျပာခဲ့တဲ့ ခ်စ္စရာေကာင္းတဲ့ အခိုက္အတန႔္ေလးကို ေဝမွ်ခဲ့ပါတယ္။ မိန္းကေလးက မေပ်ာ္မ႐ႊင္ မ်က္ႏွာအမူအရာျပမဲ့ အစား သူမက ထူးထူးျခားျခား စိတ္လႈပ္ရွားေနပါတယ္။

ထို႔ေၾကာင့္ ထမင္းစားၿပီးေနာက္ ေကာင္ေလးက ခ်က္ခ်င္းပဲ “ဒီေန႔ေတာ့ မွ်စားၾကတာေပါ့” လို႔ ေျပာပါတယ္။ အဲဒါကိုၾကားေတာ့ ႏႈတ္ခမ္းနီဆိုးထားတဲ့ မွန္ကိုၾကည့္ေနတဲ့ ေကာင္မေလးက စကၠန႔္အနည္းငယ္ေလာက္ ေခတၱရပ္ၿပီး “ဘာလို႔ ဒီေန႔ လာေဝေနတာလဲ” လို႔ ေမးပါတယ္။ မင္း ပိုက္ဆံကုန္ေနတာလား” လို႔ သူ႔ေကာင္ေလးကို အျပစ္ကင္းစြာ ေမးခဲ့ပါတယ္။

ထို႔ေနာက္မွာ သူမက ေငြရွင္းေကာင္တာကို သြားၿပီး ရွင္းခဲ့ပါတယ္။ မထြက္ခင္မွာ သူမရဲ႕ ပိုက္ဆံအိတ္ကိုလည္း ထုတ္ၿပီး သူ႔ေကာင္ေလးကို ေဘလ္ ၂ ေဒၚလာေပးခဲ့ပါတယ္။ ဗီဒီယိုဖိုင္တင္ၿပီးတာနဲ႔ ခ်က္ခ်င္းဆိုသလိုပဲ ၾကည့္ရႈသူေတြရဲ႕ အာ႐ုံစိုက္မႈကို ခံခဲ့ရပါတယ္။ လူေတာ္ေတာ္မ်ားမ်ားက ဒီေကာင္မေလးက တကယ္ကို နားလည္ေပးတတ္သူျဖစ္ၿပီး သူ႔ခ်စ္သူနဲ႔ အခက္အခဲေတြကို ေဝမွ်ဖို႔ အဆင္သင့္ျဖစ္ပုံပဲလို႔ဆိုပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories