ခင်ပွန်းကို ဆုံးရှုံးရတဲ့အခါ ဝမ်းနည်းပူဆွေးမနေပဲ မိသားစုအတွက် ခင်ပွန်းကိုယ်စား တာဝန်ယူလုပ်ကိုင်ခဲ့တဲ့ မိခင်

နွေးထွေးပျော်ရွှင်ပြီး ပြီးပြည့်စုံတဲ့ မိသားစုဆိုတာ လူတိုင်းရဲ့ဆန္ဒပါ။ မကြာသေးမီက မိန်းကလေးတစ်ဦးဟာ သူမရဲ့မိသားစုအဖြစ်အပျက်ကို မျှဝေခဲ့ပါတယ်။ အထူးသဖြင့် သူ့မိသားစုက မိဘ၊ သားသမီး၊ မောင်နှမများနဲ့ ပြည့်နှက်နေတော့ အလွန်ပျော်ရွှင်နေပါတယ်။ ဒါပေမယ့် တစ်နေ့မှာတော့ သူ့အဖေက လေဖြတ်သွားခဲ့ပြီး မိခင်ကတော့ ဒီဆုံးရှုံးမှုကို လက်မခံနိုင်သလောက်ပါပဲ။

သူ့လက်ထဲမှာ အရာအားလုံးကို ကိုင်ထားသူတစ်ယောက်ဆီကနေ သူ့ကမ္ဘာကြီးတစ်ခုလုံး ပြိုကျသွားပါတယ်။ ကုတင်ဘေးမှာ တိတ်တိတ်ဆိတ်ဆိတ် ထိုင်ငိုနေတဲ့ သူမရဲ့ပုံရိပ်က မြင်သူတိုင်းကို အသည်းကွဲစေခဲ့ပါတယ်။ ဖခင်ထွက်သွားတဲ့နေ့မှာ အမေက အစစအရာရာ ကြိုးစားပြီး မြဲမြံစွာ စောင့်ရှောက်ခဲ့ပါတယ်။ မိသားစုမှာ အဓိက စားဝတ်နေရေး အဆင်မပြေလို့ အခု အလုပ်တွေအားလုံးကို အမေတစ်ယောက်တည်း လုပ်နေရပါတယ်။

ဈာပနရက်အနည်းငယ်ကြာပြီးနောက်မှာ မိခင်က ဝမ်းနည်းမှုကိုဘေးဖယ်ထားကာ လယ်ကွင်းများမှာ အလုပ်လုပ်ရန် သူမရဲ့ စိတ်ဓာတ်ကို မြှင့်တင်ပေးခဲ့ရပါတယ်။ သူ့အမေ အလုပ်အရမ်းကြိုးစားတာမြင်တော့ သမီးလေးက “အမေက နာကျင်မှုကို မျိုသိပ်ထားဆဲဆိုတာ သမီးသိတယ်၊ ဝမ်းနည်းစရာတွေမတွေးမိအောင် အလုပ်ကိုပဲ အာရုံစိုက်ကြိုးစားတယ်”လို့ ဆိုပါတယ်။

အခက်အခဲရှိသော်လည်း မိခင်ဖြစ်သူက တောက်ပစွာ ပြုံးနေပြီး ခင်ပွန်းရဲ့ မပြီးပြတ်သေးတဲ့ အလုပ်ကို ဆက်လက်လုပ်ကိုင်ပြီး ပြီးမြောက်သွားသောကြောင့် ပျော်ရွှင်နေခဲ့ပါတယ်။ လူတိုင်းမှာ စကားလုံးနဲ့ မပြောနိုင်လောက်အောင် ပင်ပန်းမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဘဝမှာ ဖြစ်ပျက်လာနိုင်တဲ့ အဖြစ်အပျက်တွေကို ကျွန်ုပ်တို့ မခန့်မှန်းနိုင်တာကြောင့် သင့်မိသားစုနဲ့ တတ်နိုင်သမျှ အချိန်တွေကို ကုန်ဆုံးလိုက်ပါ။

JRose(Tgidailynews)

Zawgyi

ခင္ပြန္းကို ဆုံးရႈံးရတဲ့အခါ ဝမ္းနည္းပူေဆြးမေနပဲ မိသားစုအတြက္ ခင္ပြန္းကိုယ္စား တာဝန္ယူလုပ္ကိုင္ခဲ့တဲ့ မိခင္

ေႏြးေထြးေပ်ာ္႐ႊင္ၿပီး ၿပီးျပည့္စုံတဲ့ မိသားစုဆိုတာ လူတိုင္းရဲ႕ဆႏၵပါ။ မၾကာေသးမီက မိန္းကေလးတစ္ဦးဟာ သူမရဲ႕မိသားစုအျဖစ္အပ်က္ကို မွ်ေဝခဲ့ပါတယ္။ အထူးသျဖင့္ သူ႔မိသားစုက မိဘ၊ သားသမီး၊ ေမာင္ႏွမမ်ားနဲ႔ ျပည့္ႏွက္ေနေတာ့ အလြန္ေပ်ာ္႐ႊင္ေနပါတယ္။ ဒါေပမယ့္ တစ္ေန႔မွာေတာ့ သူ႔အေဖက ေလျဖတ္သြားခဲ့ၿပီး မိခင္ကေတာ့ ဒီဆုံးရႈံးမႈကို လက္မခံႏိုင္သေလာက္ပါပဲ။

သူ႔လက္ထဲမွာ အရာအားလုံးကို ကိုင္ထားသူတစ္ေယာက္ဆီကေန သူ႔ကမာၻႀကီးတစ္ခုလုံး ၿပိဳက်သြားပါတယ္။ ကုတင္ေဘးမွာ တိတ္တိတ္ဆိတ္ဆိတ္ ထိုင္ငိုေနတဲ့ သူမရဲ႕ပုံရိပ္က ျမင္သူတိုင္းကို အသည္းကြဲေစခဲ့ပါတယ္။ ဖခင္ထြက္သြားတဲ့ေန႔မွာ အေမက အစစအရာရာ ႀကိဳးစားၿပီး ၿမဲၿမံစြာ ေစာင့္ေရွာက္ခဲ့ပါတယ္။ မိသားစုမွာ အဓိက စားဝတ္ေနေရး အဆင္မေျပလို႔ အခု အလုပ္ေတြအားလုံးကို အေမတစ္ေယာက္တည္း လုပ္ေနရပါတယ္။

ဈာပနရက္အနည္းငယ္ၾကာၿပီးေနာက္မွာ မိခင္က ဝမ္းနည္းမႈကိုေဘးဖယ္ထားကာ လယ္ကြင္းမ်ားမွာ အလုပ္လုပ္ရန္ သူမရဲ႕ စိတ္ဓာတ္ကို ျမႇင့္တင္ေပးခဲ့ရပါတယ္။ သူ႔အေမ အလုပ္အရမ္းႀကိဳးစားတာျမင္ေတာ့ သမီးေလးက “အေမက နာက်င္မႈကို မ်ိဳသိပ္ထားဆဲဆိုတာ သမီးသိတယ္၊ ဝမ္းနည္းစရာေတြမေတြးမိေအာင္ အလုပ္ကိုပဲ အာ႐ုံစိုက္ႀကိဳးစားတယ္”လို႔ ဆိုပါတယ္။

အခက္အခဲရွိေသာ္လည္း မိခင္ျဖစ္သူက ေတာက္ပစြာ ၿပဳံးေနၿပီး ခင္ပြန္းရဲ႕ မၿပီးျပတ္ေသးတဲ့ အလုပ္ကို ဆက္လက္လုပ္ကိုင္ၿပီး ၿပီးေျမာက္သြားေသာေၾကာင့္ ေပ်ာ္႐ႊင္ေနခဲ့ပါတယ္။ လူတိုင္းမွာ စကားလုံးနဲ႔ မေျပာႏိုင္ေလာက္ေအာင္ ပင္ပန္းမႈေတြ ရွိပါတယ္။ ဒါေပမဲ့ ဘဝမွာ ျဖစ္ပ်က္လာႏိုင္တဲ့ အျဖစ္အပ်က္ေတြကို ကြၽႏ္ုပ္တို႔ မခန႔္မွန္းႏိုင္တာေၾကာင့္ သင့္မိသားစုနဲ႔ တတ္ႏိုင္သမွ် အခ်ိန္ေတြကို ကုန္ဆုံးလိုက္ပါ။

JRose(Tgidailynews)

  • Leave a Comment

Categories