၅ ပေါင်အလေးချိန်ရှိပြီး စျေးနှုန်း ဒေါ်လာ 100 တန်တဲ့ ကမ္ဘာ့အကြီးဆုံး ခဲဖျက်

ဂျပန် ခဲဖျက်ထုတ်လုပ်တဲ့ Seed ကို 1915 ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ၎င်းက လုပ်ငန်းမှာ သက်တမ်းအရင့်ဆုံး ကုမ္ပဏီတစ်ခု ဖြစ်လာခဲ့ပါတယ်။ ၎င်းရဲ့ရေပန်းအစားဆုံး ထုတ်ကုန်လိုင်းဖြစ်တဲ့ Radar ကို 1968 ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပြီး ဂျပန်ဈေးကွက်မှာ လျင်မြန်စွာ လူကြိုက်များလာခဲ့ပါတယ်။
Radar S-10000 က ရေဒါလိုင်းမှာ အကြီးဆုံး ခဲဖျက်ဖြစ်ပြီး ကမ္ဘာပေါ်မှာ အကြီးဆုံးလည်း ဖြစ်နိုင်ပါတယ်။ အလေးချိန် 2,285 ဂရမ်ရှိ(5 ပေါင်)ပြီး ပုံမှန် Radar S-60 ခဲဖျက်ထက် အဆ 200 ပိုလေးပါတယ်။ ဒါပေမဲ့ ၎င်းတို့နှစ်ဦးစလုံးက တူညီတဲ့ ပစ္စည်းဖြင့် ပြုလုပ်ထားတာကြောင့် ဖျက်ခြင်းရဲ့စွမ်းဆောင်ရည်မှာ အတိအကျတူညီပါတယ်။

ဒါဆို ဘာလို့ ဒီခဲဖျက်ကြီးကို လုပ်ရတာလဲလို့ မေးခွန်းရှိပါလိမ့်မယ်။ အမှန်တော့၊ ဒီခဲဖျက်ကြီးထုတ်ကုန်ကို မည်သူတစ်ဦးတစ်ယောက်မှ အမှန်တကယ် လိုအပ်နေတာ မဟုတ်ပါဘူး။ Seed ရဲ့ ထုတ်ကုန်ဖွံ့ဖြိုးတိုးတက်ရေးဌာနမှအရင်းအမြစ်တစ်ခုအရ ၎င်းက မူရင်းလက်ဆောင်တစ်ခုအတွက်စိတ်ကူးတစ်ခုအနေဖြင့်စတင်ခဲ့တာဖြစ်ပါတယ်။

ပထမဆုံး Radar S-10000 က ၎င်းရဲ့ အထင်ကရစတိုးဆိုင်မှာ ကျင်းပတဲ့ ကုမ္ပဏီရဲ့ နှစ်ပတ်လည် “Eraser Quick Eraser Contest” အတွက် ဆုတစ်ခုဖြစ်ပါတယ်။ အကယ်လ်ု့ 5 ပေါင်ရှိတဲ့ ခဲဖျက်ကို ပိုင်ဆိုင်ချင်ရင် S-10000 ကို အကြံပြုထားတဲ့ စျေးနှုန်းက ယန်း 13,200 ($100) ဖြင့် အွန်လိုင်းမှာ ရနိုင်ပါတယ်။

JRose(Tgidailynews)

Zawgyi

၅ ေပါင္အေလးခ်ိန္ရွိၿပီး ေစ်းႏႈန္း ေဒၚလာ 100 တန္တဲ့ ကမာၻ႔အႀကီးဆုံး ခဲဖ်က္

ဂ်ပန္ ခဲဖ်က္ထုတ္လုပ္တဲ့ Seed ကို 1915 ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ၿပီး ၎က လုပ္ငန္းမွာ သက္တမ္းအရင့္ဆုံး ကုမၸဏီတစ္ခု ျဖစ္လာခဲ့ပါတယ္။ ၎ရဲ႕ေရပန္းအစားဆုံး ထုတ္ကုန္လိုင္းျဖစ္တဲ့ Radar ကို 1968 ခုႏွစ္မွာ စတင္ထုတ္လုပ္ခဲ့ၿပီး ဂ်ပန္ေဈးကြက္မွာ လ်င္ျမန္စြာ လူႀကိဳက္မ်ားလာခဲ့ပါတယ္။
Radar S-10000 က ေရဒါလိုင္းမွာ အႀကီးဆုံး ခဲဖ်က္ျဖစ္ၿပီး ကမာၻေပၚမွာ အႀကီးဆုံးလည္း ျဖစ္ႏိုင္ပါတယ္။ အေလးခ်ိန္ 2,285 ဂရမ္ရွိ(5 ေပါင္)ၿပီး ပုံမွန္ Radar S-60 ခဲဖ်က္ထက္ အဆ 200 ပိုေလးပါတယ္။ ဒါေပမဲ့ ၎တို႔ႏွစ္ဦးစလုံးက တူညီတဲ့ ပစၥည္းျဖင့္ ျပဳလုပ္ထားတာေၾကာင့္ ဖ်က္ျခင္းရဲ႕စြမ္းေဆာင္ရည္မွာ အတိအက်တူညီပါတယ္။

ဒါဆို ဘာလို႔ ဒီခဲဖ်က္ႀကီးကို လုပ္ရတာလဲလို႔ ေမးခြန္းရွိပါလိမ့္မယ္။ အမွန္ေတာ့၊ ဒီခဲဖ်က္ႀကီးထုတ္ကုန္ကို မည္သူတစ္ဦးတစ္ေယာက္မွ အမွန္တကယ္ လိုအပ္ေနတာ မဟုတ္ပါဘူး။ Seed ရဲ႕ ထုတ္ကုန္ဖြံ႕ၿဖိဳးတိုးတက္ေရးဌာနမွအရင္းအျမစ္တစ္ခုအရ ၎က မူရင္းလက္ေဆာင္တစ္ခုအတြက္စိတ္ကူးတစ္ခုအေနျဖင့္စတင္ခဲ့တာျဖစ္ပါတယ္။

ပထမဆုံး Radar S-10000 က ၎ရဲ႕ အထင္ကရစတိုးဆိုင္မွာ က်င္းပတဲ့ ကုမၸဏီရဲ႕ ႏွစ္ပတ္လည္ “Eraser Quick Eraser Contest” အတြက္ ဆုတစ္ခုျဖစ္ပါတယ္။ အကယ္လ္ု႔ 5 ေပါင္ရွိတဲ့ ခဲဖ်က္ကို ပိုင္ဆိုင္ခ်င္ရင္ S-10000 ကို အႀကံျပဳထားတဲ့ ေစ်းႏႈန္းက ယန္း 13,200 ($100) ျဖင့္ အြန္လိုင္းမွာ ရႏိုင္ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories