မကြာသေးမီက ဂျပန်အမျိုးသမီး Tamogami Saki ဟာ အသက် ၃၃ နှစ်သာရှိသေးပေမဲ့ အိမ် ၃ လုံးပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ သူမရဲ့ ချွေတာတဲ့ဘဝနေထိုင်မှုပုံစံနဲ့ ပတ်သက်ပြီး ရုပ်မြင်သံကြားအင်တာဗျူးတစ်ခုမှာ သူမဟာ “ဂျပန်ရဲ့ ချွေတာတတ်တဲ့ မိန်းကလေး” နာမည်ကို ရရှိခဲ့ပါတယ်။ နေ့စဉ်ဘဝမှာ ကုန်ကျစရိတ်များ လျှော့ချရန် အရာအားလုံးကို လုပ်ဆောင်ခဲ့တဲ့ သူမက စားဝတ်နေရေး အပါအဝင် ခြွေတာသူဖြစ်သောကြောင့် အသက် ၂၇ နှစ်မှာ သူမရဲ့ ပထမဆုံးအိမ်ဝယ်ရန် လုံလောက်တဲ့ စုဆောင်းငွေရှိခဲ့ပါတယ်။
Tamogami အသက် ၁၈ နှစ်မှာ ကောလိပ်မှ ဘွဲ့ရပြီးနောက် အသက် ၃၄ နှစ်မတိုင်မီ အိမ်တစ်လုံးဝယ်မယ်လို့ ကတိပြုခဲ့ပါတယ်။ သူမရဲ့ မနက်စာကတော့ ပေါင်မုန့်တစ်ချပ်နဲ့ ယိုဖြစ်ပါတယ်။ နေ့လယ်စာနဲ့ ညစာက ထမင်း သို့မဟုတ် ဟင်းသီးဟင်းရွက် udon ခေါက်ဆွဲနဲ့ ငါးအပိုင်းပိုင်းဖြစ်ပါတယ်။ Tamogami က သူမကိုယ်တိုင်လည်း အဝတ်အစားအသစ်တွေကို တစ်ခါမှ မဝယ်ဖူးပါဘူး။
ပြီးတော့ ငါရခဲ့တဲ့ အဝတ်အစားအများစုဟာ ဆွေမျိုးတွေ ဒါမှမဟုတ် ပြန်လည်အသုံးပြုတဲ့ စင်တာတွေကနေ လာတာပါလို့ ဆိုပါတယ်။ ထို့နောက် သူမက အသက် ၂၇ နှစ်မှာ ပထမဆုံးအိမ်နဲ့ ၃၃ နှစ်မှာ အိမ်နှစ်လုံးကို ဝယ်ယူခဲ့ပါတယ်။ ထို့နောက် သူမသတ်မှတ်ထားတဲ့ အချိန်ဇယားအတိုင်း အိပ်မက်များအားလုံးကို အကောင်အထည်ဖော်နိုင်ခဲ့ကြောင်းနဲ့ ချစ်စရာကြောင် ကော်ဖီဆိုင်လေးတစ်ဆိုင်လည်း ရှိသေးပါတယ်။
JRose(Tgidailynews)
Zawgyi
၁၅ နှစ်ကြာ တစ်နေ့ကို ဘတ် ၅၀ ပဲသုံးစွဲခဲ့ပြီး အသက် ၃၃ နှစ်မှာ အိမ် ၃ လုံး ဝယ်ယူနိုင်ခဲ့တဲ့ မိန်းကလေး
JRose(Tgidailynews)