သားသမီး၊ မြေးတွေကို ခွဲခွါရတော့မှာဖြစ်လို့ မြေးငယ်ကိုချီပြီး မျက်ရည်တွေ ထိန်းထားနေတဲ့ အဘိုးအို

မိဘတွေအတွက်တော့ သားသမီးတွေက အိမ်ထောင်ကျရင်တောင် သူတို့မျက်စိထဲမှာ ကလေးလေးလိုပါပဲ။ အထူးသဖြင့် သမီးလေး အိမ်ထောင်ကျရင် မိဘတွေ စိတ်ပူစရာ များပါတယ်။ ဝေးကွာခြင်းက အခက်အခဲများစွာကို ဖြစ်ပေါ်စေနိုင်တာကြောင့် မိဘများက သူတို့ရဲ့ သမီးကို အဝေးမှာ လက်မထပ်စေချင်ကြပါဘူး။ မကြာသေးမီက မိန်းကလေးတစ်ဦးဟာ ခင်ပွန်းဖြစ်သူရဲ့ အိမ်ကို ပြန်သွားရတော့မှာဖြစ်လို့ သူ့မြေးလေးကို ခွဲရတော့မှာဖြစ်တဲ့ အဘိုးရဲ့ ပုံရိပ်ကို မျှဝေခဲ့ပါတယ်။

ခင်ပွန်းဖြစ်သူရဲ့အိမ်ကို ပြန်ရမှာဖြစ်သောကြောင့် သူမရဲ့ပစ္စည်းများကို ထုပ်ပိုးကာ တံခါးရှေ့မှာ သပ်ရပ်စွာထားခဲ့ကာ ထွက်ခွါမဲ့အချိန်ကို စောင့်ဆိုင်းနေခဲ့ပါတယ်။ ထိုအချိန်မှာ အဖိုးက သူ့မြေးငယ်ကို ညင်သာစွာ ပွေ့ချီထားပြီး မျက်ရည်တွေ ထိနိးနေခဲ့ပါတယ်။ အဘိုးက ယောက်ျားဖြစ်သော်လည်း သားသမီးမြေးမများက အိမ်မှ ထွက်ခွါခါနီးမှာ မျက်ရည်များဝဲကာ မျက်ရည်မကျစေရန် လက်နဲ့ အမြန်သုတ်ခဲ့ပါတယ်။ ၎င်းကို လူမှုကွန်ရက်ပေါ် မျှဝေပြီးနောက် ချက်ချင်းဆိုသလို ပျံ့နှံ့သွားခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories