ကွန်ကရစ်တုံးများကို တစ်ခုချင်းစီ ကောက်ယူနေတဲ့ အဘွားကြီးကို စက်နဲ့ တူးဖေါ်ပြီး ကူညီပေးခဲ့တဲ့ ကောင်လေး

ယနေ့ခေတ်ရဲ့ ရှုပ်ထွေးပွေလီတဲ့ဘဝအခြေအနေများကြားမှာ လူအများစုက အလုပ်နဲ့အချိန်များနောက်လိုက်ရင်း တစ်ခါတစ်ရံမှာ ပတ်ဝန်းကျင် အရာများကို သတိမထားမိကြပါဘူး။ ဒါပေမဲ့ အဲ့ဒီလူတွေက လူတိုင်းတော့မဟုတ်ပါဘူး။ မကြာသေးမီက အင်တာနက်သုံးစွဲသူများ စိတ်ဝင်စားစေခဲ့တဲ့ တူးဖေါ်မောင်းနှင်တဲ့ အမျိုးသားရဲ့ကြည်နူးစရာလုပ်ရပ်ဘဲဖြစ်ပါတယ်။ သူ့လုပ်ရပ်တွေက တခြားသူတွေအတွက် ကြီးကြီးမားမားမဟုတ်ပေမယ့် သူကူညီပေးနေတဲ့ အဘွားကြီးအတွက် အများကြီး အဓိပ္ပာယ်ရှိပါတယ်။

ကွန်ကရစ်တုံးများပေါ်မှာ ထိုင်ပြီး တစ်ခုချင်းစီကောက်နေတဲ့ အဘွားအိုတစ်ဦဲ့ ပုံက လူတော်တော်များများကို ဝမ်းနည်းစေပါတယ်။ ​​အဘွားကြီး ဒီအရွယ်မှာ အိမ်မှာနေသင့်တယ်လို့ လူအများက ထင်နေကြပေမယ့် ဗီဒီယိုဖိုင်ထဲက အဘွားကြီးကတော့ နေ့တိုင်း ပိုက်ဆံရဖို့ အလုပ်ကြိုးစားနေရဆဲပါ။ ဒီမြင်ကွင်းကိုမြင်တော့ တူးဖေါ်မောင်းနှင်တဲ့ အမျိုးသားက အဘွားကြီးအတွက် ကွန်ကရစ်တုံးကို ဖြိုဖို့ စက်ရဲ့အင်အားကိုသုံးပြီး ဖြိုချလိုက်ပါတယ်။

တကယ်တော့ ဒီလိုအသေးအမွှားလေးတွေက တခြားသူတွေရဲ့နှလုံးသားထဲမှာ ခံစားချက်များစွာကို အမြဲချန်ထားတတ်ပါတယ်။ ကောင်လေးရဲ့ ကူညီမှုက အဘွားကြီးအတွက် ကြီးမားတဲ့အရာဖြစ်ခဲ့ပါတယ်။ ဒီလို လှပတဲ့ အပြုအမူဟာ လူမှုကွန်ယက်မှာ ကျယ်ကျယ်ပြန့်ပြန့်ပြန့်နှံ့လာတာနဲ့အမျှ အင်တာနက်အသုံးပြုသူတွေက သူ့ရဲ့ ကြင်နာမှုနဲ့ သက်ကြီးရွယ်အိုတွေကို ကူညီတက်တဲ့ သူ့ရဲ့စိတ်ထားလေးကို ချက်ချင်းချီးကျူးခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi

ကြန္ကရစ္တုံးမ်ားကို တစ္ခုခ်င္းစီ ေကာက္ယူေနတဲ့ အဘြားႀကီးကို စက္နဲ႔ တူးေဖၚၿပီး ကူညီေပးခဲ့တဲ့ ေကာင္ေလး

ယေန႔ေခတ္ရဲ႕ ရႈပ္ေထြးေပြလီတဲ့ဘဝအေျခအေနမ်ားၾကားမွာ လူအမ်ားစုက အလုပ္နဲ႔အခ်ိန္မ်ားေနာက္လိုက္ရင္း တစ္ခါတစ္ရံမွာ ပတ္ဝန္းက်င္ အရာမ်ားကို သတိမထားမိၾကပါဘူး။ ဒါေပမဲ့ အဲ့ဒီလူေတြက လူတိုင္းေတာ့မဟုတ္ပါဘူး။ မၾကာေသးမီက အင္တာနက္သုံးစြဲသူမ်ား စိတ္ဝင္စားေစခဲ့တဲ့ တူးေဖၚေမာင္းႏွင္တဲ့ အမ်ိဳးသားရဲ႕ၾကည္ႏူးစရာလုပ္ရပ္ဘဲျဖစ္ပါတယ္။ သူ႔လုပ္ရပ္ေတြက တျခားသူေတြအတြက္ ႀကီးႀကီးမားမားမဟုတ္ေပမယ့္ သူကူညီေပးေနတဲ့ အဘြားႀကီးအတြက္ အမ်ားႀကီး အဓိပၸာယ္ရွိပါတယ္။

ကြန္ကရစ္တုံးမ်ားေပၚမွာ ထိုင္ၿပီး တစ္ခုခ်င္းစီေကာက္ေနတဲ့ အဘြားအိုတစ္ဦဲ့ ပုံက လူေတာ္ေတာ္မ်ားမ်ားကို ဝမ္းနည္းေစပါတယ္။ ​​အဘြားႀကီး ဒီအ႐ြယ္မွာ အိမ္မွာေနသင့္တယ္လို႔ လူအမ်ားက ထင္ေနၾကေပမယ့္ ဗီဒီယိုဖိုင္ထဲက အဘြားႀကီးကေတာ့ ေန႔တိုင္း ပိုက္ဆံရဖို႔ အလုပ္ႀကိဳးစားေနရဆဲပါ။ ဒီျမင္ကြင္းကိုျမင္ေတာ့ တူးေဖၚေမာင္းႏွင္တဲ့ အမ်ိဳးသားက အဘြားႀကီးအတြက္ ကြန္ကရစ္တုံးကို ၿဖိဳဖို႔ စက္ရဲ႕အင္အားကိုသုံးၿပီး ၿဖိဳခ်လိုက္ပါတယ္။

တကယ္ေတာ့ ဒီလိုအေသးအမႊားေလးေတြက တျခားသူေတြရဲ႕ႏွလုံးသားထဲမွာ ခံစားခ်က္မ်ားစြာကို အၿမဲခ်န္ထားတတ္ပါတယ္။ ေကာင္ေလးရဲ႕ ကူညီမႈက အဘြားႀကီးအတြက္ ႀကီးမားတဲ့အရာျဖစ္ခဲ့ပါတယ္။ ဒီလို လွပတဲ့ အျပဳအမူဟာ လူမႈကြန္ယက္မွာ က်ယ္က်ယ္ျပန႔္ျပန႔္ျပန႔္ႏွံ႔လာတာနဲ႔အမွ် အင္တာနက္အသုံးျပဳသူေတြက သူ႔ရဲ႕ ၾကင္နာမႈနဲ႔ သက္ႀကီး႐ြယ္အိုေတြကို ကူညီတက္တဲ့ သူ႔ရဲ႕စိတ္ထားေလးကို ခ်က္ခ်င္းခ်ီးက်ဴးခဲ့ၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories