လမ်းဘေးမှာထိုင်ပြီး ဖျားနေတာကြောင့် ကြင်နာတက်တဲ့ကောင်လေးတစ်ဦးဆီကနေ မုန့်နဲ့ပိုက်ဆံအနည်းငယ် ရရှိလို့ မျက်ရည်တွေတောင် ကျခဲ့တဲ့အဘိုးအို

မကြာသေးမီက TikToker Quan Khong Go ဟာ ခက်ခဲတဲ့အခြေအနေမှာ အဘိုးအိုတစ်ဦးကို ကူညီခဲ့တဲ့ Clip လေးကို မျှဝေခဲ့ပါတယ်။ ပထမတော့ ကောင်လေးက အဘိုးကို အရသာရှိတဲ့ ထမင်းတစ်နပ်ကျွေးဖို့ စီစဉ်ခဲ့ပေမယ့် အဘိုးကနေမကောင်းဖြစ်ပြီး နို့သာသောက်နိုင်တယ်ဆိုတာကို သိတော့ နို့တစ်ဘူး၊ မုန့်တစ်ထုပ်နဲ့ စောင်အသစ်တစ်ထည်ကို သွားဝယ်ခဲ့ပါတယ်။

ထို့အပြင် Quan Khong Go ကလည်း အဖိုးအိုကိုယ့်ကိုယ်ကို ဂရုစိုင်နိုင်စေရန် ငွေအနည်းငယ် ပေးခဲ့ပါတယ်။ သူ့ရဲ့ ကြင်နာမှုက အဘိုးအိုကို မျက်ရည်ကျစေခဲ့ပါတယ်။ ဆွေမျိုးတွေမေးကြည့်တဲ့အခါ သူ့ဆွေမျိုးအားလုံးက ဆုံးပါးသွားတဲ့အတွက် အဘိုးက နှစ်ပေါင်းများစွာ တစ်ယောက်တည်း နေခဲ့ရတယ်လို့ သိရပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories