၈နှစ်အရွယ်ကစပြီး မိခင်အတွက် အိမ်တစ်လုံးဆောက်နိုင်ဖို့ကြိုးစားလာပြီး အသက် ၂၄ နှစ်မှဘဲ ဖြည့်စည်းပေးနိုင်ခဲ့တဲ့ အမျိုးသား

၂၀၂၂ က ကပ်ရောဂါကာလအပြီးမှာ စီးပွားရေးပြန်လည်စတင်ရန် နီးကပ်လာချိန်မှာ လူများစွာအတွက် ခက်ခဲတဲ့ နှစ်လို့ သတ်မှတ်ပါတယ်။ ဒါပေမဲ့ Dong Van Hung လို့ခေါ်တဲ့ ကောင်လေးအတွက် ဘဝရဲ့ အကြီးမားဆုံး ပန်းတိုင်ကို ပြီးမြောက်သွားသောကြောင့် ထိုနှစ်က တောက်ပစွာ အောင်မြင်သော နှစ်ဖြစ်ပါတယ်။ ၂ နှစ်အကြာမှာ YouTuber ကောင်လေးက သူ့ရဲ့မိခင်ကို ဂုဏ်ပြုသောအားဖြင့် ဆောက်လုပ်ခဲ့တဲ့ အိမ်က ပြီးမြောက်ခဲ့ပါပြီ။

ခေတ်မီပြီး သက်တောင့်သက်သာရှိတဲ့ ပရိဘောဂများဖြင့် သုံးထပ်အိမ်တစ်လုံးရဲ့ ပုံရိပ်ကို ကြည့်လိုက်ရင် လူတိုင်းကို သဘောကျစေပါတယ်။ ယနေ့ကဲ့သို့ အောင်မြင်မှုရရှိရန် Dong Van Hung က လွန်ခဲ့တဲ့ ၈ နှစ်မှာ မောမောပန်းပန်း အလုပ်လုပ်ခဲ့ရပါတယ်။ YouTuber အမျိုးသားက မိသားစုအခြေအနေကြောင့် အထက်တန်းကျောင်းပြီးလို့ မိခင်ကိုကူညီဖို့ ပိုက်ဆံရှာဖို့ အလုပ်ထွက်ရတယ်ဆိုပြီး သူ့ဘဝအကြောင်းကို မျှဝေခဲ့ပါတယ်။

၈ နှစ်အရွယ်မှာ စကြိုးစားခဲ့ပြီး အလုပ်သမားဖြစ်ခြင်း၊ ဓာတ်ပုံရိုက်ခြင်းနဲ့ Youtube လုပ်ခြင်းတို့မှ အလုပ်များစွာလုပ်ခဲ့ပါတယ်။ အသက် ၂၄ နှစ်မှာတော့ သူ့ရဲ့အမေ့အတွက် အိမ်တစ်လုံးဆောက်နိုင်ဖို့ နေ့တိုင်း ကြိုးစားပြီး အခုတော့ သူ့ရဲ့ဆန္ဒဖြစ်လာခဲ့ပါပြီ။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories