အိမ်နဲ့ ၄ နှစ်ကြာဝေးကွာခဲ့ပြီးနောက် အစ်ကိုဖြစ်သူ မင်္ဂလာဆောင်တဲ့နေ့မှာ သူ့အိမ်ကို တိတ်တဆိတ် ပြန်လာခဲ့တဲ့ ကောင်လေး
နှစ်ကုန်တဲ့အခါ လူတိုင်းက မိသားစုနဲ့ ပြန်လည်ဆုံစည်းလိုတဲ့ အချိန်ဖြစ်ပေမဲ့ နိုင်ငံခြားမှာ နေထိုင်တဲ့ ကလေးများအတွက်က ဝေးကွာတာကြောင့် တွေ့ဖို့မဖြစ်နိုင်ပါဘူး။ မကြာသေးမီက မိသားစုအိမ်ကို တိတ်တိတ်လေး အိမ်ပြန်လာတဲ့ လူငယ်လေးတစ်ယောက်ရဲ့ ဗီဒီယိုဖိုင်ကို မကြာသေးမီက လူမှုကွန်ယက်မှာ မှတ်တမ်းတင်ထားတာ တွေ့ရတော့ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ လူငယ်လေးဟာ တရုတ်နိုင်ငံ ထိုင်ဝမ်မှာ ၄ နှစ် အလုပ်လုပ်ခဲ့ပါတယ်။
အချိန်အတော်ကြာ အလုပ်လုပ်ပြီးနောက် ဗီယက်နမ်ကို တိတ်တိတ်လေး လေယာဉ်လက်မှတ်ဖြတ်ပြီး အစ်ကိုဖြစ်သူရဲ့ မင်္ဂလာဆောင်တဲ့နေ့မှာ တိတ်တဆိတ် အိမ်ပြန်ခဲ့ပါတယ်။ ရွာကိူရောက်တော့ ကောင်လေးက ပန်းစည်းကြီးတစ်စည်းကိုကိုင်ကာ မင်္ဂလာပွဲကျင်းပတဲ့နေရာသို့ အမြန်လျှောက်သွားခဲ့ပါတယ်။ အဝေးကရပ်ပြီး သူ့ချစ်သားရဲ့ရုပ်ပုံကို မိခင်က မှတ်မိပြီး ချက်ချင်း ပွေ့ဖက်ဖို့ ပြေးသွားပါတယ်။ သူမမျက်လုံးများကို မယုံနိုင် သေးဘဲ သူ့သားကို တင်းတင်းကြပ်ကြပ် ဖက်ထားကာ ငိုနေခဲ့ပါတယ်။
ထိုအချိန်မှာ ဖခင်ဖြစ်သူက သူ့ရဲ့ ခံစားချက်ကို ထိန်းမနိုင်သိမ်းမရဖြစ်လာကာ ငိုချခဲ့ပါတယ်။ ဒီကလစ်ကိုကြည့်ပြီးနောက် လူတိုင်းက ကောင်လေးရဲ့မိသားစုအတွက် စိတ်ခံစားမှုနဲ့ ပျော်ရွှင်မှုတွေကို မျှဝေခဲ့ကြပါတယ်။ အထူးသဖြင့် ဝေးကွာနေသော်လည်း ပြန်မလာနိုင်တဲ့ ကလေးများက မိမိတို့မွေးရပ်မြေကို ပြန်နိုင်ရန်ပင် ငိုယိုကာ မကြာမီ ပြန်လည်ဆုံစည်းလိုသော ဆန္ဒကို ထုတ်ဖော်ကြပါတယ်။ အချိန်မရွေး ပြန်လာနိုင်တဲ့နေရာက အိမ်လို့ ခေါ်တဲ့ နေရာတစ်ခု အမြဲရှိပါတယ်။
JRose(Tgidailynews)
Zawgyi
JRose(Tgidailynews)
  • Leave a Comment
Categories