အလုပ်ရှင်ဆီကနေ အရမ်းများတဲ့ ဘောနပ်စ်ကို ရမယ်မထင်လို့ အလုပ်ရှင်ကပေးတဲ့အခါ မျက်ရည်ကျပြီး ငိုခဲ့တဲ့အဒေါ်

နှစ်ကုန်မှာ ဘောနပ်စ်များစွာရလို့ ပျော်ရွှင်နေကြလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အလုပ်ရှင်တွေ စေတနာကောင်းဖြင့် တစ်နှစ်ပတ်လုံး အလုပ်ကြိုးစားခဲ့တဲ့ သူတို့ရဲ့ လုပ်သားများ အလုပ်တွေကို ကြိုစားတစ်ထပ် ပိုကြိုးစားစေရန် ကရုဏာဖြင့် ဘောနပ်စ်များပေးကြပါတယ်။ အခုဟာလဲ အလုပ်ရှင်နဲ့ အတူ ၉ နှစ်ကြာ လက်တွဲလာခဲ့တဲ့ အလုပ်သမားအမျိုးသမီးတစ်ဦးက အလုပ်ရှင်ထံ ငွေအပုံလိုက် ဘောနပ်စ်ရရှိလို့ မျက်ရည်တွေတောင် ကျလာခဲ့ပါတယ်။

ဘာလို့လဲဆိုတော့ အလုပ်ရှင်က ဒီလောက် ကြင်နာမယ်ဆိုတာ သူမ မထင်ထားလို့ပါ။ အလုပ်သမား အန်တီ Tung က သူ့အလုပ်ရှင်ကို ကြီးပွားချမ်းသာတဲ့ လုပ်ငန်းဖြစ်ပါစေလို့ ဆုမွန် တောင်းပေးခဲ့ပါတယ်။ အလုပ်ရှင်ရဲ့ စေတနာထက်သန်မှုကို အင်တာနက်ပေါ်လွှင့်တင်ပြီးနောက်မှာ ချီးကျူးဂုဏ်ပြုသူတွေ အများကြီးရှိခဲ့ပါတယ်။ တချို့လူတွေတောင် သူမနား အလုပ်သွားလုပ်ချင်ကြတဲ့အထိပါပဲ။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories