အဖေ့အင်္ကျီအရောင်နဲ့ ဆင်တူဝတ်ထားတဲ့လူတစ်ဦးကို တွေ့ပြီး သူမအဖေ ဟုတ်မဟုတ် သွားမေးခဲ့တဲ့ ချစ်စရာကောင်မလေး

မကြာသေးမီက TikTok NV အကောင့်မှ သမီးငယ်လေးက သူမရဲ့အဖေ ဟုတ်မဟုတ် သိနိုင်ရန် ကားမောင်းသူရဲ့အနီးအနားသို့ တိတ်တိတ်လေး ခိုးသွားနေတဲ့ ဗီဒီယိုဖိုင်ကို တင်ခဲ့ပါတယ်။ ကလေးမလေးရဲ့ ရယ်စရာကောင်းပြီး ချစ်ဖို့ကောင်းတဲ့ အခိုက်အတန့်လေးက လူတိုင်းကို ရင်ခုန်စေခဲ့ပါတယ်။ ကလေးမလေးရဲ့အဖေဟာ ကားမောင်းသူဖြစ်ပြီး အစိမ်းရောင် ယူနီဖောင်းဝတ်တာကို သူမမကြာခဏ မြင်တွေ့ရပါတယ်။

ထို့ကြောင့် ယူနီဖောင်း အစိမ်းရောင်ဝတ်ထားတဲ့သူကိုမြင်တော့ သူမရဲ့ဖခင်လို့ ထင်ခဲ့တာပါ။ ချစ်စရာကောင်းတဲ့ ကလေးမလေးကို မြင်လိုက်ရသဖြင့် ထိုလူက သူမကို “မဟုတ်ဘူး၊ လူမှားနေပြီ ” အမှန်အတိုင်း ပြန်ဖြေလိုက်တဲ့အခါ ကလေးမက သူမအဖေရဲ့အသံမဟုတ်မှန်း ချက်ချင်းသိသွားပြီး အမြန်နောက်ဆုတ်လိုက်ပါတယ်။

JRose(Tgidailynews)

Zawgyi

အေဖ့အက်ႌအေရာင္နဲ႔ ဆင္တူဝတ္ထားတဲ့လူတစ္ဦးကို ေတြ႕ၿပီး သူမအေဖ ဟုတ္မဟုတ္ သြားေမးခဲ့တဲ့ ခ်စ္စရာေကာင္မေလး

မၾကာေသးမီက TikTok NV အေကာင့္မွ သမီးငယ္ေလးက သူမရဲ႕အေဖ ဟုတ္မဟုတ္ သိႏိုင္ရန္ ကားေမာင္းသူရဲ႕အနီးအနားသို႔ တိတ္တိတ္ေလး ခိုးသြားေနတဲ့ ဗီဒီယိုဖိုင္ကို တင္ခဲ့ပါတယ္။ ကေလးမေလးရဲ႕ ရယ္စရာေကာင္းၿပီး ခ်စ္ဖို႔ေကာင္းတဲ့ အခိုက္အတန႔္ေလးက လူတိုင္းကို ရင္ခုန္ေစခဲ့ပါတယ္။ ကေလးမေလးရဲ႕အေဖဟာ ကားေမာင္းသူျဖစ္ၿပီး အစိမ္းေရာင္ ယူနီေဖာင္းဝတ္တာကို သူမမၾကာခဏ ျမင္ေတြ႕ရပါတယ္။

ထို႔ေၾကာင့္ ယူနီေဖာင္း အစိမ္းေရာင္ဝတ္ထားတဲ့သူကိုျမင္ေတာ့ သူမရဲ႕ဖခင္လို႔ ထင္ခဲ့တာပါ။ ခ်စ္စရာေကာင္းတဲ့ ကေလးမေလးကို ျမင္လိုက္ရသျဖင့္ ထိုလူက သူမကို “မဟုတ္ဘူး၊ လူမွားေနၿပီ ” အမွန္အတိုင္း ျပန္ေျဖလိုက္တဲ့အခါ ကေလးမက သူမအေဖရဲ႕အသံမဟုတ္မွန္း ခ်က္ခ်င္းသိသြားၿပီး အျမန္ေနာက္ဆုတ္လိုက္ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories