လိုချင်တဲ့ဖုန်းဝယ်ဖို့ ပိုက်ဆံပမာဏ မလောက်တဲ့ ဖောက်သည်တစ်ဦးကို စျေးပေါပေါထားပြီး ရောင်းပေးခဲ့တဲ့ ဆိုင်ရှင်

ခက်ခဲတဲ့အခြေအနေရောက်နေတဲ့လူတို့ကို ချစ်ခြင်းမေတ္တာနဲ့ ပေးကမ်းမျှဝေခြင်းက အလွန် လူသားဆန်ပြီး အဓိပ္ပါယ်ရှိတဲ့ အလုပ်တစ်ခုဖြစ်ပါတယ်။ မကြာသေးမီက လူမှုကွန်ရက်ပေါ်မှာ ဆိုင်ပိုင်ရှင်က အခက်အခဲဖြစ်နေတဲ့အမျိုးသားတစ်ဦးကို ဖုန်းတစ်လုံးရဲ့တန်ဖိုးထက်ဝက်ဖြင့် ရောင်းချပေးခဲ့ပါတယ်။ အတိအကျပြောရရင် ဖောက်သည်က ဖုန်းတစ်လုံးဝယ်ဖို့အတွက် စတိုးဆိုင်ကို ဒေါင် 800,000 ယူဆောင်လာကြောင်း သိရှိရပါတယ်။ ဒါပေမဲ့ သူယူလတဲ့ပိုက်ဆံက သူလိုချင်တဲ့ ဖုန်းဝယ်ရန် မလုံလောက်ခဲ့ပါဘူး။ ပထမတော့ စတိုးဆိုင်ပိုင်ရှင်က ဖုန်းကို အဲဒီဈေးနဲ့ မရောင်းနိုင်လို့ သဘောမတူခဲ့ပါဘူး။

ဒါပေမဲ့ ဆိုင်ပိုင်ရှင်က ဖောက်သည်နဲ့ စကားပြောရန် ထိုင်ကာ အခြေအနေကို အကျဉ်းချုံး နားလည်ပြီးသနားကာ စာနာမိခဲ့ပါတယ်။ ဒါကြောင့် ဆိုင်ရှင်က ခဏလောက်စဉ်းစားပြီးမှ ဖောက်သည်ကို ဒေါင် 800,000 နဲ့ရောင်းပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ ဆိုင်ပိုင်ရှင်က လက်ခံပေးလိုက်တဲ့အခါ ဖောက်သည်က အရမ်းပျော်နေခဲ့ပါတယ်။ ဒီချစ်စရာကောင်းတဲ့ အဖြစ်အပျက်ကို လူမှုကွန်ယက်မှာ မျှဝေခဲ့ပြီးနောက်မှာတော့ လူတိုင်းရဲ့ အာရုံစိုက်မှုကို ရရှိခဲ့ပါတယ်။ ဖုန်းရဲ့တန်ဖိုးထက်ဝက်လောက် ဆုံးရှုံးသွားပေမယ့် တစ်ဖက်လူကို ပျော်ရွှင်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

JRose(Tgidialynews)

Zawgyi

လိုခ်င္တဲ့ဖုန္းဝယ္ဖို႔ ပိုက္ဆံပမာဏ မေလာက္တဲ့ ေဖာက္သည္တစ္ဦးကို ေစ်းေပါေပါထားၿပီး ေရာင္းေပးခဲ့တဲ့ ဆိုင္ရွင္

ခက္ခဲတဲ့အေျခအေနေရာက္ေနတဲ့လူတို႔ကို ခ်စ္ျခင္းေမတၱာနဲ႔ ေပးကမ္းမွ်ေဝျခင္းက အလြန္ လူသားဆန္ၿပီး အဓိပၸါယ္ရွိတဲ့ အလုပ္တစ္ခုျဖစ္ပါတယ္။ မၾကာေသးမီက လူမႈကြန္ရက္ေပၚမွာ ဆိုင္ပိုင္ရွင္က အခက္အခဲျဖစ္ေနတဲ့အမ်ိဳးသားတစ္ဦးကို ဖုန္းတစ္လုံးရဲ႕တန္ဖိုးထက္ဝက္ျဖင့္ ေရာင္းခ်ေပးခဲ့ပါတယ္။ အတိအက်ေျပာရရင္ ေဖာက္သည္က ဖုန္းတစ္လုံးဝယ္ဖို႔အတြက္ စတိုးဆိုင္ကို ေဒါင္ 800,000 ယူေဆာင္လာေၾကာင္း သိရွိရပါတယ္။ ဒါေပမဲ့ သူယူလတဲ့ပိုက္ဆံက သူလိုခ်င္တဲ့ ဖုန္းဝယ္ရန္ မလုံေလာက္ခဲ့ပါဘူး။ ပထမေတာ့ စတိုးဆိုင္ပိုင္ရွင္က ဖုန္းကို အဲဒီေဈးနဲ႔ မေရာင္းႏိုင္လို႔ သေဘာမတူခဲ့ပါဘူး။

ဒါေပမဲ့ ဆိုင္ပိုင္ရွင္က ေဖာက္သည္နဲ႔ စကားေျပာရန္ ထိုင္ကာ အေျခအေနကို အက်ဥ္းခ်ဳံး နားလည္ၿပီးသနားကာ စာနာမိခဲ့ပါတယ္။ ဒါေၾကာင့္ ဆိုင္ရွင္က ခဏေလာက္စဥ္းစားၿပီးမွ ေဖာက္သည္ကို ေဒါင္ 800,000 နဲ႔ေရာင္းေပးဖို႔ဆုံးျဖတ္လိုက္ပါတယ္။ ဆိုင္ပိုင္ရွင္က လက္ခံေပးလိုက္တဲ့အခါ ေဖာက္သည္က အရမ္းေပ်ာ္ေနခဲ့ပါတယ္။ ဒီခ်စ္စရာေကာင္းတဲ့ အျဖစ္အပ်က္ကို လူမႈကြန္ယက္မွာ မွ်ေဝခဲ့ၿပီးေနာက္မွာေတာ့ လူတိုင္းရဲ႕ အာ႐ုံစိုက္မႈကို ရရွိခဲ့ပါတယ္။ ဖုန္းရဲ႕တန္ဖိုးထက္ဝက္ေလာက္ ဆုံးရႈံးသြားေပမယ့္ တစ္ဖက္လူကို ေပ်ာ္႐ႊင္ေအာင္ ကူညီေပးႏိုင္ခဲ့ပါတယ္။

JRose(Tgidialynews)

  • Leave a Comment

Categories