အပြစ်အနာဆာကင်းတဲ့ အလှတရား နဲ့ ချိုမြိန်တဲ့ မျက်နှာလေးကြောင့် ကမ္ဘာ့အလှဆုံးမိန်းကလေးဖြစ်လာခဲ့တဲ့ မော်ဒယ်လ်မလေးတစ်ဦး

ချောမောလှပတဲ့ ရုရှားမော်ဒယ်လ် Dasha Taran ဟာ ကမ္ဘာပေါ်ရှိ အလှဆုံး မျက်နှာ 100 ယောက်ထဲမှာ တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့ အလှတရားနဲ့ စံတင်လောက်တဲ့ ကိုယ်လုံးကိုယ်ပေါက်ကို ပိုင်ဆိုင်ထားပြီး သူမကို “ရုရှားအရုပ်” ဆိုပြီး ခေါ်နေကြပါတယ်။ Dasha က ဆိုရှယ်မီဒီယာပလက်ဖောင်းများမှာ follower အများအပြားဖြင့် ဖက်ရှင်ဘလော့ဂါတစ်ဦးအဖြစ် ကျော်ကြားလာခဲ့ပါတယ်။

သူမဟာ ဆယ်ကျော်သက်အရွယ်ကတည်းက ပရိသတ်တွေကြား လူသိများလာခဲ့ပြီး ကြော်ငြာရိုက်ကူးမှုတွေနဲ့ အဓိကလုပ်ဆောင်နေတာဖြစ်ပါတယ်။ သူမရဲ့ အပြစ်အနာအဆာကင်းတဲ့ အလှတရားကြောင့် သူမကို ကိုရီးယားနဲ့ တရုတ်နိုင်ငံက နာမည်ကြီး တံဆိပ်ပေါင်းများစွာက ဖမ်းစားထားကြပါတယ်။ ဒါတင်မကပဲ ဖက်ရှင်နယ် နယ်ပယ်မှာ Dasha Taran ဟာ သူမဝတ်တဲ့ဝတ်စုံတိုင်းဟာ ဗိုင်းရပ်စ်ကူးစက်ပြီး လျှင်မြန်စွာ ရောင်းထွက်သွားတာကြောင့် သူမကို ကြော်ငြာဖို့ ခိုင်းကြတာဖြစ်ပါတယ်။

Dasha Taran က ရိုးရိုးရှင်းရှင်း ၀တ်ဆင်ထားသော်လည်း သူမရဲ့ မျက်နှာသည် ချိုမြိန်ပြီး ထူးထူးခြားခြား ဆွဲဆောင်မှု ရှိနေပါတယ်။ Dasha Taran က သူမဟာ လက်ရှိမှာ တစ်ယောက်ထဲနေပြီး ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ဘူးလို့ ဆိုပါတယ်။ သူမက အသက် ၂၃ နှစ်သာရှိသေးတာကြောင့် သူမရဲ့အသက်မွေးဝမ်းကြောင်းလုပ်ငန်းကို တိုးတက်စေရန်သာ အာရုံစိုက်လိုတာပါ။ သူမကြိုက်တဲ့ ကောင်လေးက ကြင်နာတတ်တယ်၊ ပွင့်ပွင့်လင်းလင်းနဲ့ ရယ်စရာကောင်းတဲ့ ယောက်ျားလေးဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories