ယခင်က ရုပ်ဆိုးလွန်းလို့ ခင်ပွန်းဟောင်းက ထားခဲ့ပြီး မျက်နှာကိုခွဲစိတ်ပြုပြင်ခဲ့ရာ ချောမောလာကာ အိမ်ထောင်အသစ်မှာ ပျော်ရွှင်နေတဲ့ မိန်းကလေး

မကြာသေးမီကမှ Phuong Thi No အမည်ရှိ မိန်းကလေးဟာ မိသားစုနဲ့အတူ နှစ်သစ်ကို ကြိုဆိုဖို့ ပျော်ရွှင်စရာကောင်းတဲ့ ဓါတ်ပုံတစ်ပုံကို ပြသခဲ့ပါတယ်။ အထူးသဖြင့်၊ 6 နှစ်အကြာက သူမရဲ့ ရုပ်ဆိုးဆိုးဓာတ်ပုံပါ။ အထူးသဖြင့် Phuong တင်ထားတဲ့ ဓာတ်ပုံတွေက လက်ရှိ သူမရဲ့ အလှက ပိုလှလာတယ်လို့ လူအများက ထင်မြင်ယူဆကြပါတယ်။ သူမရဲ့အသွင်အပြင်ကို ပြောင်းလဲပြီးနောက် Phuong Thi No က နောက်အိမ်ထောင်ပြုကာ သူမရဲ့ နောက်ခင်ပွန်းနဲ့အတူ နောက်ထပ်သားတစ်ယောက်မွေးဖွားခဲ့ပါတယ်။

ယခင်ကတော့ Phuong ဟာ သူမရဲ့ ရုပ်ရည်သွင်ပြင်ကြောင့် လူအများရဲ့ မထီမဲ့မြင်ပြုခြင်းကိုခံခဲ့ရပြီး သူမရဲ့ခင်ပွန်းဟောင်းကပင် ထိုအကြောင်းပြချက်ကြောင့် သူမကိုထားခဲ့ပြီး သူမကိုယ်တိုင်ပြောင်းလဲရန် ဆုံးဖြတ်ခဲ့ပါတယ်။ ထို့ကြောင့် Phuong က မျက်နှာတစ်ခုလုံးကို ပြုပြင်ပြီး ပြောင်းလဲပစ်ရန် ငွေအမြောက်အမြားသုံးစွဲခဲ့ပါတယ်။

လက်ရှိမှာ Phuong Thi No က ဟိုချီမင်းမြို့မှာ နေထိုင်ပြီး အလုပ်လုပ်ကိုင်နေပါတယ်။ Phuong Thi No ရဲ့ ဒုတိယအိမ်ထောင်ဘဝလည်း အရမ်းပျော်စရာကောင်းပါတယ်။ သူမကို ခင်ပွန်းဖြစ်သူက အလွန်ချစ်မြတ်နိုးပြီး Phuong ကလည်း သမီးဖြစ်သူနဲ့ ခင်ပွန်းဟောင်းကို ကောင်းစွာ ဆက်ဆံခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi





JRose(Tgidailynews)

  • Leave a Comment

Categories