လက်ထပ်ပြီး ၃ ရက်အကြာမှာ ခင်ပွန်းသည်က သူမရဲ့မိခင်နဲ့ တိတ်တိတ်ပုန်းဆက်ဆံရေးကို ဖမ်းမိပြီး ခင်ပွန်းနဲ့ကွာရှင်းလိုက်တဲ့အမျိုးသမီး

အင်ဒိုနီးရှားနိုင်ငံမှ Nelidia အမည်ရှိ အမျိုးသမီးဟာ သူမရဲ့ခင်ပွန်းက သူမရဲ့မိခင်နဲ့ သစ္စာဖောက်ကြောင်း တွေ့ရှိပြီးနောက် ကွာရှင်းပြတ်စဲရန် လျှောက်ထားခဲ့ပါတယ်။ Nelidia က ခင်ပွန်းဖြစ်သူနဲ့ တွဲလာတာ လွန်ခဲ့တဲ့ ငါးနှစ်ကတည်းကဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒါပေမယ့် အိမ်ထောင်ကျပြီး သုံးရက်အကြာမှာတော့ ခင်ပွန်းဖြစ်သူက သူ့အမေနဲ့ ဆက်ဆံရေးကို ဖမ်းမိခဲ့ပါတယ်။

Nelidia ရဲ့အဆိုအရ သူမအလုပ်သွားစဉ် သူမရဲ့ခင်ပွန်းက သူမရဲ့မိခင်နဲ့ မကောင်းတဲ့ဆက်ဆံရေးကို တွေ့ရှိခဲ့တာပါ။ “မင်းရဲ့သစ္စာဖောက်မှုကို ငါလက်ခံပြီး မင်းကို ခွင့်လွှတ်ခဲ့တယ်၊ ဘာဖြစ်လို့လဲဆိုတော့ အဲဒီအချိန်မှာ မင်းကို ငါချစ်နေတုန်းမို့လို့ပဲ၊ ဒါပေမယ့် မင်းငါ့အချစ်ဆုံးလူနဲ့ သစ္စာဖောက်တယ်။ ငါတို့ရဲ့အချစ်နဲ့ ငါတို့မိသားစုကို ဖြိုခွဲခဲ့တယ်” လို့ Nelidia က ဆိုပါတယ်။

အိမ်ထောင်မပြုမီကပင် သူမရဲ့ခင်ပွန်းက သူမမိခင်ထံ စာပို့ထားကြောင်း Nelidia နောက်ပိုင်းမှသာ တွေ့ရှိခဲ့ပါတယ်။ Nelidia က ခင်ပွန်းဖြစ်သူရဲ့ လုပ်ရပ်ကြောင့် ထိခိုက်ဒဏ်ရာရပြီးနောက် ပြန်လည်သက်သာလာစေရန် ဆေးဝါးကို မှီခိုနေရကြောင်း ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ လင်မယားနှစ်ယောက်က ကွာရှင်းသွားပါပြီ။

JRose(Tgidailynews)

Zawgyi

လက္ထပ္ၿပီး ၃ ရက္အၾကာမွာ ခင္ပြန္းသည္က သူမရဲ႕မိခင္နဲ႔ တိတ္တိတ္ပုန္းဆက္ဆံေရးကို ဖမ္းမိၿပီး ခင္ပြန္းနဲ႔ကြာရွင္းလိုက္တဲ့အမ်ိဳးသမီး

အင္ဒိုနီးရွားႏိုင္ငံမွ Nelidia အမည္ရွိ အမ်ိဳးသမီးဟာ သူမရဲ႕ခင္ပြန္းက သူမရဲ႕မိခင္နဲ႔ သစၥာေဖာက္ေၾကာင္း ေတြ႕ရွိၿပီးေနာက္ ကြာရွင္းျပတ္စဲရန္ ေလွ်ာက္ထားခဲ့ပါတယ္။ Nelidia က ခင္ပြန္းျဖစ္သူနဲ႔ တြဲလာတာ လြန္ခဲ့တဲ့ ငါးႏွစ္ကတည္းကျဖစ္ေၾကာင္း ေျပာၾကားခဲ့ပါတယ္။ ဒါေပမယ့္ အိမ္ေထာင္က်ၿပီး သုံးရက္အၾကာမွာေတာ့ ခင္ပြန္းျဖစ္သူက သူ႔အေမနဲ႔ ဆက္ဆံေရးကို ဖမ္းမိခဲ့ပါတယ္။

Nelidia ရဲ႕အဆိုအရ သူမအလုပ္သြားစဥ္ သူမရဲ႕ခင္ပြန္းက သူမရဲ႕မိခင္နဲ႔ မေကာင္းတဲ့ဆက္ဆံေရးကို ေတြ႕ရွိခဲ့တာပါ။ “မင္းရဲ႕သစၥာေဖာက္မႈကို ငါလက္ခံၿပီး မင္းကို ခြင့္လႊတ္ခဲ့တယ္၊ ဘာျဖစ္လို႔လဲဆိုေတာ့ အဲဒီအခ်ိန္မွာ မင္းကို ငါခ်စ္ေနတုန္းမို႔လို႔ပဲ၊ ဒါေပမယ့္ မင္းငါ့အခ်စ္ဆုံးလူနဲ႔ သစၥာေဖာက္တယ္။ ငါတို႔ရဲ႕အခ်စ္နဲ႔ ငါတို႔မိသားစုကို ၿဖိဳခြဲခဲ့တယ္” လို႔ Nelidia က ဆိုပါတယ္။

အိမ္ေထာင္မျပဳမီကပင္ သူမရဲ႕ခင္ပြန္းက သူမမိခင္ထံ စာပို႔ထားေၾကာင္း Nelidia ေနာက္ပိုင္းမွသာ ေတြ႕ရွိခဲ့ပါတယ္။ Nelidia က ခင္ပြန္းျဖစ္သူရဲ႕ လုပ္ရပ္ေၾကာင့္ ထိခိုက္ဒဏ္ရာရၿပီးေနာက္ ျပန္လည္သက္သာလာေစရန္ ေဆးဝါးကို မွီခိုေနရေၾကာင္း ေျပာၾကားခဲ့ပါတယ္။ လက္ရွိမွာေတာ့ လင္မယားႏွစ္ေယာက္က ကြာရွင္းသြားပါၿပီ။

JRose(Tgidailynews)

  • Leave a Comment

Categories