အကြိုက်ဆုံးဖြစ်တဲ့ Idol အမျိုးသမီးအဆိုတော်နဲ့တွေ့ရဖို့ ခရီးဝေးထွက်ခဲ့ပြီး တွေ့ခွင့်ရတဲ့အခါ ခံစားချက်မထိန်းနိုင်တော့ဘဲ မျက်ရည်ကျခဲ့တဲ့ ကောင်လေး

မကြာသေးမီက ဗီယက်နမ် အမျိုးသမီးအဆိုတော် Dong Nhi နဲ့ အမျိုးသားပရိသတ်တစ်ဦးတို့ တွေ့ဆုံမှု ဗီဒီယိုကို ရိုက်ကူးခဲ့ရာ အာရုံစူးစိုက်မှုများစွာ ရရှိခဲ့ပါတယ်။ ထို့ကြောင့် Dong Nhi က Countdown 2023 အတွက် ပွဲတက်နေပြီဖြစ်ကြောင်း သိလိုက်ရသဖြင့် ဒီအမျိုးသားပရိတ်သတ်က သူမနဲ့တွေ့ခွင့်ရဖို့ VIP လက်မှတ်များဝယ်ကာ အဝေးကနေ နှစ်သစ်ကြိုဆိုပွဲကို လာခဲ့ပါတယ်။

ဖျော်ဖြေပွဲအပြီးမှာ Dong Nhi ကို အသွေးအသားနဲ့ ဆုံတွေ့တဲ့အခါ ကောင်လေးက မထိန်းနိုင်ဘဲ ပျော်ရွှင်မျက်ရည်ကျခဲ့ပါတယ်။ Dong Nhi က ကားထဲမှာ ထိုင်နေပြီး သူမရဲ့ပရိသတ်ကို ပွေ့ဖက်နှစ်သိမ့်ပေးရပါတယ်။ ကောင်လေးက ငိုနေတာမရပ်ဘဲ အဆိုနော် Dong Nhi က ကောင်လေးကို နှစ်သိမ့်ပေးဖို့ ချက်ခြင်း ကားပေါ်က ဆင်းခဲ့ပြီး အတူတူ ဓါတ်ပုံရိုက်ခိုင်းခဲ့ပါတယ်။ Dong Nhi ရဲ့ နူးညံ့သိမ်မွေ့သောအပြုအမူက အမျိုးသားပရိသတ်များနဲ့ တွေ့မြင်သူတိုင်းကို အသည်းကွဲစေခဲ့ပြီး တစ်ချိန်တည်းမှာပင် ထိုကောင်လေးက ကံကောင်းတဲ့အမာခံတစ်ဦးဖြစ်မယ်လို့ ထင်မြင်မိပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories