မုတ်ဆိတ်မွှေးအတုတပ်ပြီး ဖခင်ကိုယ်စား သမီးလေးကို မင်္ဂလာခန်းမထဲခေါ်ဆောင်လာခဲ့တဲ့ မိခင်

အရွယ်ရောက်လာတဲ့ မိန်းကလေးတော်တော်များများက အိမ်ထောင်ပြုချင်ကြတာပါ။ မကြာသေးမီက မင်္ဂလာပွဲကျင်းပတဲ့အခါမှာ သတို့သမီးရဲ့အဖေက အကြောင်းတစ်ခုခုကြောင့် သူ့သမီးရဲ့ မင်္ဂလာပွဲကို ပျက်ကွက်ခဲ့ပါတယ်။ ဒါပေမဲ့ သတို့သမီက သူ့အဖေက မပါဝင်နိုင်ခဲ့ပေမဲ့ သူမရဲ့ အမေက အရာအားလုံးကို ဖြည့်ဆည်းပေးဖို့ ရှိနေချိန်မှာတော့ မိန်းကလေးက အရမ်းပျော်ခဲ့ရပါတယ်။

အများအားဖြင့်တော့ မင်္ဂလာဆောင်မှာ သတို့သမီးရဲ့အမေက ဂါဝန်လှလှ နဲ့ လှပတဲ့မိတ်ကပ်ကို ၀တ်ဆင်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီမိခင်က အမျိုးသားအဝတ်အစားကို ၀တ်ဆင်ကာ မုတ်ဆိတ်အတုကိုပင် တပ်ထားပြီး သတို့သမီးရဲ့ ဖခင်အဖြစ်သို့ ပုံပြောင်းကာ သမီးဖြစ်သူကို ခန်းမထဲ ခေါ်ဆောင်လာခဲ့ပါတယ်။

သမီးဖြစ်သူရဲ့လက်ကို သတို့သားဆီ အပ်လိုက်တဲ့အခါ မိခင်ဖြစ်သူက ရင်တထိတ်ထိတ်ဖြင့် “ဒီနေ့ဟာ မင်းတို့နှစ်ယောက်အတွက် နေ့ထူးနေ့မြတ်ပဲ၊ ကံမကောင်းစွာပဲ၊ H. ရဲ့ အဖေက ဒီနေရာကို မလာနိုင်ခဲ့ဘူး။ အဖေကိုယ်စား H. ကို မင်းဆီ အပ်လိုက်ပြီ။ ဘယ်အခက်အခဲကိုမဆို ကျော်လွှားနိုင်မယ်လို့ ယုံကြည်ပါတယ်။”လို့ ပြောခဲ့ပါတယ်။ မိခင်ရဲ့ အဓိပ္ပါယ်ရှိတဲ့ လုပ်ရပ်ကို သက်သေခံပြီး သတို့သမီးရဲ့ ယောက္ခမနဲ့ ဧည့်သည်များက သူတို့ရဲ့ ခံစားချက်များကို မထိန်းနိုင်တော့ဘဲ မျက်ရည်များ ကျခဲ့ရပါတယ်။

JRose(Tgidailynews)

Zawgyi

မုတ္ဆိတ္ေမႊးအတုတပ္ၿပီး ဖခင္ကိုယ္စား သမီးေလးကို မဂၤလာခန္းမထဲေခၚေဆာင္လာခဲ့တဲ့ မိခင္

အ႐ြယ္ေရာက္လာတဲ့ မိန္းကေလးေတာ္ေတာ္မ်ားမ်ားက အိမ္ေထာင္ျပဳခ်င္ၾကတာပါ။ မၾကာေသးမီက မဂၤလာပြဲက်င္းပတဲ့အခါမွာ သတို႔သမီးရဲ႕အေဖက အေၾကာင္းတစ္ခုခုေၾကာင့္ သူ႔သမီးရဲ႕ မဂၤလာပြဲကို ပ်က္ကြက္ခဲ့ပါတယ္။ ဒါေပမဲ့ သတို႔သမီက သူ႔အေဖက မပါဝင္ႏိုင္ခဲ့ေပမဲ့ သူမရဲ႕ အေမက အရာအားလုံးကို ျဖည့္ဆည္းေပးဖို႔ ရွိေနခ်ိန္မွာေတာ့ မိန္းကေလးက အရမ္းေပ်ာ္ခဲ့ရပါတယ္။

အမ်ားအားျဖင့္ေတာ့ မဂၤလာေဆာင္မွာ သတို႔သမီးရဲ႕အေမက ဂါဝန္လွလွ နဲ႔ လွပတဲ့မိတ္ကပ္ကို ၀တ္ဆင္ေလ့ရွိပါတယ္။ ဒါေပမဲ့ ဒီမိခင္က အမ်ိဳးသားအဝတ္အစားကို ၀တ္ဆင္ကာ မုတ္ဆိတ္အတုကိုပင္ တပ္ထားၿပီး သတို႔သမီးရဲ႕ ဖခင္အျဖစ္သို႔ ပုံေျပာင္းကာ သမီးျဖစ္သူကို ခန္းမထဲ ေခၚေဆာင္လာခဲ့ပါတယ္။

သမီးျဖစ္သူရဲ႕လက္ကို သတို႔သားဆီ အပ္လိုက္တဲ့အခါ မိခင္ျဖစ္သူက ရင္တထိတ္ထိတ္ျဖင့္ “ဒီေန႔ဟာ မင္းတို႔ႏွစ္ေယာက္အတြက္ ေန႔ထူးေန႔ျမတ္ပဲ၊ ကံမေကာင္းစြာပဲ၊ H. ရဲ႕ အေဖက ဒီေနရာကို မလာႏိုင္ခဲ့ဘူး။ အေဖကိုယ္စား H. ကို မင္းဆီ အပ္လိုက္ၿပီ။ ဘယ္အခက္အခဲကိုမဆို ေက်ာ္လႊားႏိုင္မယ္လို႔ ယုံၾကည္ပါတယ္။”လို႔ ေျပာခဲ့ပါတယ္။ မိခင္ရဲ႕ အဓိပၸါယ္ရွိတဲ့ လုပ္ရပ္ကို သက္ေသခံၿပီး သတို႔သမီးရဲ႕ ေယာကၡမနဲ႔ ဧည့္သည္မ်ားက သူတို႔ရဲ႕ ခံစားခ်က္မ်ားကို မထိန္းႏိုင္ေတာ့ဘဲ မ်က္ရည္မ်ား က်ခဲ့ရပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories