ငယ်ငယ်ကတည်းက အားကစားကို ဝါသာနာပါခဲ့တာကြောင့် ကမ္ဘာကျော် နပန်းသမားဖြစ်လာခဲ့တဲ့ ခြေမဲ့အမျိုးသား

ဘဝမှာ လူတိုင်းဟာ တစ်ခါတရံ လဲကျသွားစေတဲ့ အခက်အခဲတွေနဲ့ အတားအဆီးတွေ ရှိကြပါတယ်။ ဒါပေမဲ့ အသက် ၂၅ နှစ်အရွယ် Zion Clark အမည်ရှိ အမေရိကန်အမျိုးသားက ရှားပါးရောဂါတစ်ခုကြောင့် ခြေထောက်မပါဘဲ မွေးဖွားလာခြင်းဖြစ်ပါတယ်။ Zion Clark က လက်ရှိမှာ အမေရိကန်နပန်းသမား၊ ပရော်ဖက်ရှင်နယ် ကိုယ်ခံပညာရှင်နဲ့ အမေရိကန်ပြည်ထောင်စုရှိ နာမည်ကြီး အားကစားသမားတစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ တက်ကြွတဲ့စိတ်နဲ့ အခက်အခဲများကို ကျော်လွှားရန် သူ့ရဲ့ခရီးလမ်းက လူတိုင်းကို အထင်ကြီးစေခဲ့ပါတယ်။

Zion Clark ဟာ ငယ်ရွယ်စဉ်ကတည်းက အားကစားလုပ်ခြင်းကို နှစ်သက်ခဲ့တာပါ။ သူ့ရဲ့ထူးခြားတဲ့ ခန္ဓာကိုယ်နဲ့ အားကစားမျိုးစုံမှာ မရေမတွက်နိုင်အောင် ဂင်းနစ်စံချိန်တင်ထားပါတယ်။ Zion ဟာ ခြေထောက်မရှိတဲ့ နပန်းသမားဖြစ်ပေမဲ့ သာမန်ကျန်းမာသူတစ်ဦးလိုမျိုး အလွန်အားပြင်းတဲ့ ကြွက်သားများ ပိုင်ဆိုင်ထားပါတယ်။

1

2

3

4

5

6

7

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories