ဒီကေန့က်ေရာက္တဲ့ (၅) နွစ္ျပည့္ ေမြးေန့ကို မိခင္မပါပဲ ျဖတ္သန္းေနရတဲ့ မီးမီးခဲရဲ့ သမီးေလး Narnia ရဲ့ ဗီဒီယို

နိုင္ငံေက်ာ္ အဆိုေတာ္တစ္ေယာက္ျဖစ္တဲ့ မီးမီးခဲကေတာ့ သူမေနထိုင္ရာ ၾသစေတးလ်နိုင္ငံ Sydney ျမိဳ့မွာပဲ ေဆးကုသမႈခံယူရင္း ဆံုးပါးသြားခဲ့ျပီ ျဖစ္ပါတယ္။ မီးမီးခဲ ကြယ္လြန္သြားခ်ိန္မွာေတာ့ သမီးၾကီး ျဖဴျဖဴစင္စင္လင္းအျပင္ ဒုတိယအိမ္ေထာင္က သမီးၾကီး Narnia နဲ့ သားငယ္ Napolion တို့ က်န္ရစ္ခဲ့တာပဲ ျဖစ္ပါတယ္။ မီးမီးခဲကေတာ့ မကြယ္လြန္ခင္အခ်ိန္မွာ သားသမီးသံုးေယာက္စလံုးကို ေမတၱာေတြအျပည့္နဲ့ ေစာင့္ေရွာက္ခဲ့ျပီး မိခင္တာဝန္ေက်ပြန္ခဲ့သူတစ္ေယာက္ပဲ ျဖစ္ပါတယ္။

ဒီကေန့ ေအာက္တိုဘာလ (၁၇) ရက္ေန့ကေတာ့ မီးမီးခဲရဲ့ သမီးအလတ္ေလး Narnia ရဲ့ ေမြးေန့ေလးပဲ ျဖစ္ပါတယ္။ Narnia က သူမရဲ့ ေမြးေန့မွာ မိခင္မရိွပဲ ျဖတ္သန္းေနရေပမယ့္ ဖခင္ျဖစ္သူက အနားမွာရိွေနျပီး သမီးေလး မ်က္နွာတစ္ခ်က္ မပ်က္ရေအာင္ အစစအရာရာ လိုေလေသးမရိွ ျဖည့္စည္းေပးေနတာကို အခုလိုပဲ ေတြ့ရပါတယ္။

Narnia အတြက္ကေတာ့ မိခင္ဆံုးျပီး ေနာက္တစ္ေန့က သူမရဲ့ ေမြးေန့ျဖစ္ေနတာေၾကာင့္ ေနာက္လာမယ့္နွစ္ေတြမွာ မိခင္ကို ပိုျပီးေတာ့ေတာင္ သတိရေနရွာမယ္ ထင္ပါတယ္။ မီးမီးခဲလည္း ေကာင္းရာဘံုဘဝကေန သမီးေလးအတြက္ ေမြးေန့ဆုမြန္ေကာင္းေတာင္းေပးေနမယ္လို့ ေမွ်ာ္လင့္ပါတယ္။ ဖတ္ရႈေပးၾကတဲ့ Cele Connections ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ ဆုေတာင္းေပးလိုက္ပါတယ္။

Source: Brice

credit – Cele Connections

Unicode

ဒီကနေ့ကျရောက်တဲ့ (၅) နှစ်ပြည့် မွေးနေ့ကို မိခင်မပါပဲ ဖြတ်သန်းနေရတဲ့ မီးမီးခဲရဲ့ သမီးလေး Narnia ရဲ့ ဗီဒီယို

နိုင်ငံကျော် အဆိုတော်တစ်ယောက်ဖြစ်တဲ့ မီးမီးခဲကတော့ သူမနေထိုင်ရာ သြစတေးလျနိုင်ငံ Sydney မြို့မှာပဲ ဆေးကုသမှုခံယူရင်း ဆုံးပါးသွားခဲ့ပြီ ဖြစ်ပါတယ်။ မီးမီးခဲ ကွယ်လွန်သွားချိန်မှာတော့ သမီးကြီး ဖြူဖြူစင်စင်လင်းအပြင် ဒုတိယအိမ်ထောင်က သမီးကြီး Narnia နဲ့ သားငယ် Napolion တို့ ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ မီးမီးခဲကတော့ မကွယ်လွန်ခင်အချိန်မှာ သားသမီးသုံးယောက်စလုံးကို မေတ္တာတွေအပြည့်နဲ့ စောင့်ရှောက်ခဲ့ပြီး မိခင်တာဝန်ကျေပွန်ခဲ့သူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ဒီကနေ့ အောက်တိုဘာလ (၁၇) ရက်နေ့ကတော့ မီးမီးခဲရဲ့ သမီးအလတ်လေး Narnia ရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ Narnia က သူမရဲ့ မွေးနေ့မှာ မိခင်မရှိပဲ ဖြတ်သန်းနေရပေမယ့် ဖခင်ဖြစ်သူက အနားမှာရှိနေပြီး သမီးလေး မျက်နှာတစ်ချက် မပျက်ရအောင် အစစအရာရာ လိုလေသေးမရှိ ဖြည့်စည်းပေးနေတာကို အခုလိုပဲ တွေ့ရပါတယ်။

Narnia အတွက်ကတော့ မိခင်ဆုံးပြီး နောက်တစ်နေ့က သူမရဲ့ မွေးနေ့ဖြစ်နေတာကြောင့် နောက်လာမယ့်နှစ်တွေမှာ မိခင်ကို ပိုပြီးတော့တောင် သတိရနေရှာမယ် ထင်ပါတယ်။ မီးမီးခဲလည်း ကောင်းရာဘုံဘဝကနေ သမီးလေးအတွက် မွေးနေ့ဆုမွန်ကောင်းတောင်းပေးနေမယ်လို့ မျှော်လင့်ပါတယ်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

Source: Brice

credit – Cele Connections

  • Leave a Comment