လျှပ်စစ်ဓာတ်အား ၁.၂ သိန်း ကီလိုဝပ်နဲ့ ၄ ဘီလီယံတန်ဖိုးရှိတဲ့ “Solar cells” ပရောဂျက်ကို ဖွင့်လှစ်ခဲ့တဲ့ အစိုးရပိုင် လျှပ်စစ်ကုမ္ပဏီ

တရုတ်အစိုးရပိုင် လျှပ်စစ်ကုမ္ပဏီ China Huadian Corporation (CHD) ရဲ့ဖော်ပြချက်အရ East Asia က တိဗက်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ၄ ​​ဘီလီယံတန်ဖိုးရှိ “solar cells” ပရောဂျက်ကို ဖွင့်လှစ်ခဲ့ပြီး ကီလိုဝပ် ၁.၂သိန်း ဆိုလာဓာတ်အားပေးစက်ရုံ စီမံကိန်းကို အနောက်တောင်ဘက်မှာ လျှပ်စစ်ဓာတ်အားလိုင်းနဲ့ ချိတ်ဆက်ပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်ပေးနေကြောင်း သိရပါတယ်။

အဆိုပါစီမံကိန်းက အမြင့်ပေ ၄၅၀၀ မီတာရှိတဲ့ Shenni ခရိုင်မှာတည်ရှိပြီး တိဗက်ပြည်သူများကို လျှပ်စစ်ဓာတ်အားပေးဆောင်ရန် အကြီးဆုံးသော နေရောင်ခြည်စွမ်းအင်သုံး စီမံကိန်းဖြစ်ပါတယ်။ CHD ရဲ့အဆိုအရ အဆိုပါ စီမံကိန်းက ယွမ်ငွေ သန်း ၈၉၀ (ဒေါ်လာ ၁၁၂ သန်း) ကုန်ကျမှာဖြစ်ပြီး နှစ်စဉ် လျှပ်စစ်ဓာတ်ကို ကီလိုဝပ်နာရီ ၂၄၇ သန်း ထုတ်လုပ်နိုင်မှာ ဖြစ်ပါတယ်။

၎င်းက စံကျောက်မီးသွေးတန်ချိန် ၇၆,၃၀၀ ကို သက်သာစေပြီး နှစ်စဉ် ကာဗွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှု တန်ချိန် ၂၁၉,၆၀၀ အထိ လျှော့ချနိုင်ကာ ဒီစီမံကိန်းက ရွာသားများအတွက် တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အားကို ပေးစွမ်းနိုင်မှာ ဖြစ်ကြောင်း CHD က ဆိုပါတယ်။ ထို့အပြင် ဒေသတွင်း စီးပွါးရေးနဲ့ လူမှုရေး ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း မြှင့်တင်ပေးပါတယ်။

JRose(Tgidailynews)

Zawgyi

လွ်ပ္စစ္ဓာတ္အား ၁.၂ သိန္း ကီလိုဝပ္နဲ႔ ၄ ဘီလီယံတန္ဖိုးရွိတဲ့ “Solar cells” ပေရာဂ်က္ကို ဖြင့္လွစ္ခဲ့တဲ့ အစိုးရပိုင္ လွ်ပ္စစ္ကုမၸဏီ

တ႐ုတ္အစိုးရပိုင္ လွ်ပ္စစ္ကုမၸဏီ China Huadian Corporation (CHD) ရဲ႕ေဖာ္ျပခ်က္အရ East Asia က တိဗက္ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသမွာ ၄ ​​ဘီလီယံတန္ဖိုးရွိ “solar cells” ပေရာဂ်က္ကို ဖြင့္လွစ္ခဲ့ၿပီး ကီလိုဝပ္ ၁.၂သိန္း ဆိုလာဓာတ္အားေပးစက္႐ုံ စီမံကိန္းကို အေနာက္ေတာင္ဘက္မွာ လွ်ပ္စစ္ဓာတ္အားလိုင္းနဲ႔ ခ်ိတ္ဆက္ၿပီး လွ်ပ္စစ္ဓာတ္အားထုတ္လုပ္ေပးေနေၾကာင္း သိရပါတယ္။

အဆိုပါစီမံကိန္းက အျမင့္ေပ ၄၅၀၀ မီတာရွိတဲ့ Shenni ခ႐ိုင္မွာတည္ရွိၿပီး တိဗက္ျပည္သူမ်ားကို လွ်ပ္စစ္ဓာတ္အားေပးေဆာင္ရန္ အႀကီးဆုံးေသာ ေနေရာင္ျခည္စြမ္းအင္သုံး စီမံကိန္းျဖစ္ပါတယ္။ CHD ရဲ႕အဆိုအရ အဆိုပါ စီမံကိန္းက ယြမ္ေငြ သန္း ၈၉၀ (ေဒၚလာ ၁၁၂ သန္း) ကုန္က်မွာျဖစ္ၿပီး ႏွစ္စဥ္ လွ်ပ္စစ္ဓာတ္ကို ကီလိုဝပ္နာရီ ၂၄၇ သန္း ထုတ္လုပ္ႏိုင္မွာ ျဖစ္ပါတယ္။

၎က စံေက်ာက္မီးေသြးတန္ခ်ိန္ ၇၆,၃၀၀ ကို သက္သာေစၿပီး ႏွစ္စဥ္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ထုတ္လႊတ္မႈ တန္ခ်ိန္ ၂၁၉,၆၀၀ အထိ ေလွ်ာ့ခ်ႏိုင္ကာ ဒီစီမံကိန္းက ႐ြာသားမ်ားအတြက္ တည္ၿငိမ္တဲ့ လွ်ပ္စစ္ဓာတ္အားကို ေပးစြမ္းႏိုင္မွာ ျဖစ္ေၾကာင္း CHD က ဆိုပါတယ္။ ထို႔အျပင္ ေဒသတြင္း စီးပြါးေရးနဲ႔ လူမႈေရး ဖြံ႕ၿဖိဳးတိုးတက္ေရးကိုလည္း ျမႇင့္တင္ေပးပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories