တစ်လလောက်ချစ်ကြပြီး ဝေးကွာသွားခဲ့ရပေမဲ့ ၄ နှစ်မှာ ၂ကြိမ်လောက်သာတွေဆုံခဲ့ရတဲ့ စုံတွဲနှစ်ဦးတို့ရဲ့ ပျော်စရာအဆုံးသတ်

ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမြို့က သတို့သမီး Thanh Hoa နဲ့ သတို့သား Quoc Binh တို့ရဲ့ အချစ်ဟာဆိုရင် သူတို့တွေ ချစ်မိသွားတဲ့အခါမှာ Quoc Binh က လာအိုမှာ စီးပွါးရေး အလုပ်လုပ်ခဲ့ပါတယ်။ သူတို့က လူမှုကွန်ယက်ကနေတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် သိလာခဲ့ကြပြီး အစကတည်းက တစ်ယောက်နဲ့တစ်ယောက် အလေးအနက်ထားကာ ရေရှည်ဆက်ဆံရေးကို တိုးတက်အောင်လုပ်ဖို့ ရည်ရွယ်ချက်ရှိခဲ့ပါတယ်။

တစ်ယောက်နဲ့တစ်ယောက် တစ်လလောက်ချစ်ပြီးနောက် Binh ဟာ Hoa နဲ့တွေ့ဆုံပြီး သူ့မိသားစုကို မိတ်ဆက်ပေးဖို့ လာအိုကနေ ဗီယက်နမ်ကိုပြန်လာခဲ့ပါတယ်။ ရှည်လျားတဲ့ အချစ်ခရီး ၄ နှစ်တာ ကာလအတွင်းမှာ ၂ ကြိမ် တွေ့ဆုံခဲ့ပြီး စုစုပေါင်း အချိန် ၁၅ ရက်ထက် မပိုပါဘူး။ တစ်စိတ်တစ်ပိုင်းအားဖြင့် အလုပ်ကြောင့်ဖြစ်ပြီး ရှုပ်ထွေးတဲ့ ကပ်ရောဂါအခြေအနေကြောင့် သူတို့ကို မကြာခဏတွေ့ဆုံရန် ခက်ခဲစေပါတယ်။

ဝေးကွာနေကြချိန်မှာတော့ တစ်ယောက်ကိုတစ်ယောက် အကောင်းဆုံးတွေပေးဖို့ ကြိုးစားနေဆဲပါ။ သူတို့က နေ့စဉ်ဘဝအကြောင်း စာတို၊ ဖုန်းခေါ်နဲ့ အချင်းချင်း ပြောကြပါတယ်။ ပြီးခဲ့တဲ့လကဘဲ ၎င်းတို့ စုံတွဲဟာ ၄ နှစ်ကြာ ဝေးကွာခဲ့တဲ့ ချစ်ခြင်းမေတ္တာကို အဆုံးသတ်ပြီး မင်္ဂလာဆောင်ပွဲကို ကျင်းပခဲ့ပါတယ်။ သတို့သမီး Hoa ကတော့ လာအိုနိုင်ငံကို သွားရောက်နေထိုင်ပြီး ခင်ပွန်းဖြစ်သူရဲ့ လုပ်ငန်းကို ပံ့ပိုးကူညီခဲ့ပါတယ်။ သူတို့ရဲ့အချစ်ရဲ့လျှို့ဝှက်ချက်အကြောင်းပြောရင်း Hoa က ဘယ်လောက်ဘဲ အလုပ်ရှုပ်နေပါစေ နေ့တိုင်းအဆက်အသွယ်ရှိနေတုန်းပါပဲလို့ Hoa က ဖွင့်ဟခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi

တစ္လေလာက္ခ်စ္ၾကၿပီး ေဝးကြာသြားခဲ့ရေပမဲ့ ၄ ႏွစ္မွာ ၂ႀကိမ္ေလာက္သာေတြဆုံခဲ့ရတဲ့ စုံတြဲႏွစ္ဦးတို႔ရဲ႕ ေပ်ာ္စရာအဆုံးသတ္

ဗီယက္နမ္ႏိုင္ငံ၊ ဒါနန္းၿမိဳ႕က သတို႔သမီး Thanh Hoa နဲ႔ သတို႔သား Quoc Binh တို႔ရဲ႕ အခ်စ္ဟာဆိုရင္ သူတို႔ေတြ ခ်စ္မိသြားတဲ့အခါမွာ Quoc Binh က လာအိုမွာ စီးပြါးေရး အလုပ္လုပ္ခဲ့ပါတယ္။ သူတို႔က လူမႈကြန္ယက္ကေနတစ္ဆင့္ တစ္ေယာက္နဲ႔တစ္ေယာက္ သိလာခဲ့ၾကၿပီး အစကတည္းက တစ္ေယာက္နဲ႔တစ္ေယာက္ အေလးအနက္ထားကာ ေရရွည္ဆက္ဆံေရးကို တိုးတက္ေအာင္လုပ္ဖို႔ ရည္႐ြယ္ခ်က္ရွိခဲ့ပါတယ္။

တစ္ေယာက္နဲ႔တစ္ေယာက္ တစ္လေလာက္ခ်စ္ၿပီးေနာက္ Binh ဟာ Hoa နဲ႔ေတြ႕ဆုံၿပီး သူ႔မိသားစုကို မိတ္ဆက္ေပးဖို႔ လာအိုကေန ဗီယက္နမ္ကိုျပန္လာခဲ့ပါတယ္။ ရွည္လ်ားတဲ့ အခ်စ္ခရီး ၄ ႏွစ္တာ ကာလအတြင္းမွာ ၂ ႀကိမ္ ေတြ႕ဆုံခဲ့ၿပီး စုစုေပါင္း အခ်ိန္ ၁၅ ရက္ထက္ မပိုပါဘူး။ တစ္စိတ္တစ္ပိုင္းအားျဖင့္ အလုပ္ေၾကာင့္ျဖစ္ၿပီး ရႈပ္ေထြးတဲ့ ကပ္ေရာဂါအေျခအေနေၾကာင့္ သူတို႔ကို မၾကာခဏေတြ႕ဆုံရန္ ခက္ခဲေစပါတယ္။

ေဝးကြာေနၾကခ်ိန္မွာေတာ့ တစ္ေယာက္ကိုတစ္ေယာက္ အေကာင္းဆုံးေတြေပးဖို႔ ႀကိဳးစားေနဆဲပါ။ သူတို႔က ေန႔စဥ္ဘဝအေၾကာင္း စာတို၊ ဖုန္းေခၚနဲ႔ အခ်င္းခ်င္း ေျပာၾကပါတယ္။ ၿပီးခဲ့တဲ့လကဘဲ ၎တို႔ စုံတြဲဟာ ၄ ႏွစ္ၾကာ ေဝးကြာခဲ့တဲ့ ခ်စ္ျခင္းေမတၱာကို အဆုံးသတ္ၿပီး မဂၤလာေဆာင္ပြဲကို က်င္းပခဲ့ပါတယ္။ သတို႔သမီး Hoa ကေတာ့ လာအိုႏိုင္ငံကို သြားေရာက္ေနထိုင္ၿပီး ခင္ပြန္းျဖစ္သူရဲ႕ လုပ္ငန္းကို ပံ့ပိုးကူညီခဲ့ပါတယ္။ သူတို႔ရဲ႕အခ်စ္ရဲ႕လွ်ိဳ႕ဝွက္ခ်က္အေၾကာင္းေျပာရင္း Hoa က ဘယ္ေလာက္ဘဲ အလုပ္ရႈပ္ေနပါေစ ေန႔တိုင္းအဆက္အသြယ္ရွိေနတုန္းပါပဲလို႔ Hoa က ဖြင့္ဟခဲ့ပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories