နှစ်အတော်ကြာ မွေးစားခဲ့တဲ့ သူ့ရဲ့မွေးစားသားအတွက် မိခင်အရင်းကို ပြန်ရှာတွေ့ပေးခဲ့တဲ့ အမျိုးသား

မစ္စတာ Philip Marshall အမည်ရှိ အမေရိကန်အမျိုးသားတစ်ဦးဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်များအတွင်းက သူမွေးစားခဲ့တဲ့ သားအတွက် မိခင်အရင်းကို ပြန်ရှာတွေ့လိုစိတ်ဖြင့် နေရာတိုင်းသို့ အလည်အပတ်သွားရောက်ပြီး ဗီယက်နမ်နိုင်ငံအထိ ရောက်လာခဲ့ပါတယ်။ မစ္စတာ Philip ဟာ သူ့ရဲ့မွေးစားသားဖြစ်တဲ့ မစ္စတာ Thang ကို SOS ကလေးကျေးရွာမှာ မွေးစားခဲ့ပြီး၊ အမေရိကန်ကိုခေါ်သွားကာ Stephen Marshall လို့အမည်ပေးခဲ့ပါတယ်။

ယခုတစ်ကြိမ် ဗီယက်နမ်ကို ပြန်ရောက်တဲ့အခါ မစ္စတာ Philip က သူ့မွေးစားသားရဲ့ မိခင်အရင်းဖြစ်သူကို ရှာဖွေခဲ့ပြီး မစ္စတာ Stephen က သူ့ရဲ့မိခင်အရင်းနဲ့ မိသားစုကို Hang Trong ရပ်ကွက်ရဲဌာနချုပ်မှာ တွေ့ဆုံခဲ့ပါတယ်။ သူတို့ရဲ့ ပြန်လည်ဆုံဆည်းမှုဟာ လူတိုင်းကို မျက်ရည်ကျစေပြီး အထူးသဖြင့် မစ္စတာ Philip Marshall ကို ထိမိစေခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories