ဒုတိယမိခင်တစ်ယောက်လည်းဖြစ်တဲ့ အိမ်ရှင်မရဲ့ မွေးနေ့မှာ ဘတ်ငွေ ၁ သိန်းနဲ့ အံ့အားသင့်စေခဲ့တဲ့ မိန်းကလေး

မကြာသေးမီက Napong အမည်ရှိ မိန်းကလေးတစ်ဦးဟာ သူမရဲ့ ဒုတိယမိခင်လို့လည်း ပြောလို့ရတဲ့ အိမ်ရှင်မက သူမကို ၅နှစ်ကြာ ပြုစုစောင့်ရှောက်ပေးတဲ့အတွက် အိမ်ရှင်မရဲ့မွေးနေ့မှာ ဘတ်ငွေ ၁ သိန်းနဲ့ အံ့အားသင့်ခဲ့ပါတယ်။ ဒီအိမ်ရှင်မက Napong အတွက် အရသာရှိတဲ့ အစားအစာတွေကို နေ့တိုင်းချက်ပြုတ်ပေးတဲ့အပြင် မီနူးတိုင်းကို ထိုင်းအစားအစာ၊ အိန္ဒိယအစားအစာ၊ မြောက်ပိုင်းအစားအစာ၊ တောင်ပိုင်းအစားအစာနဲ့ ပြင်သစ်အစားအစာဖြစ်စေ လုပ်နိုင်သေးပါတယ်။

ထက်မြက်တဲ့ အိမ်ရှင်မက ကျိုးနေတဲ့ ပန်ကာကိုလည်း ပြုပြင်ပေးနိုင်တာပါ။ ဒါ့အပြင် ကျိုးပဲ့နေသော ကုလားထိုင်တစ်လုံးကို ပြုပြင်ရန် ပိုက်ဆံမလိုဘဲ ယခင်အတိုင်း ပြန်လည်အသုံးပြုနိုင်အောင် ပြင်ဆင်တက်တယ်ဆိုတာကို Napong က ဗီဒီယိုနဲ့ မျှဝေခဲ့ပါတယ်။ ဒီဇာတ်လမ်းကို မျှဝေလိုက်တဲ့အတွက် Tik Tok က လူတွေဟာ အိမ်ရှင်မကို အထင်ကြီးလေးစားပြီး ”ဒီလိုအိမ်ရှင်မတွေ ရှားတယ် ” ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

JRose(Tgidailynews)

Zawgyi




JRose(Tgidailynews)

  • Leave a Comment

Categories