နေ့တိုင်းလိုလို ဘေးနားမှာထိုင်ပြီး အတူတူစာလေ့လာခဲ့တဲ့ သူမရဲ့ ကြောင်လေးကို ဘွဲ့ဝတ်စုံနဲ့ ဘွဲ့ဦးထုပ်ဆုချခဲ့တဲ့ မိန်းကလေး

အမေရိကန်နိုင်ငံ၊ Austin ရှိ Texas တက္ကသိုလ်မှ ဘွဲ့ရတစ်ဦးဖြစ်တဲ့ “Francesca Burdieu” အမည်ရှိမိန်းကလေးဟာ သူမရဲ့ကြောင်လေး “Suki” နဲ့ ပျော်ရွှင်ဖွယ်ဘွဲ့နှင်းသဘင်ဝတ်စုံ ဝတ်ထားတဲ့ပုံကို တင်ခဲ့ပါတယ်။ ကြောင်ဟာလဲ ဘွဲ့ဝတ်စုံနဲ့ ဘွဲ့ဦးထုပ်များ ၀တ်ဆင်ကာ ဘေးချင်းကပ်လျက်မှာ ထိုင်နေခဲ့ပါတယ်။ Francesca မှ အွန်လိုင်းပေါ် သင်ယူနေစဉ် Suki ဟာ သူမနဲ့အတူ နေ့တိုင်း ထိုင်ပြီး ဖုန်းမျက်နှာပြင်ကို ကြည့်ကာ အကြောင်းအရာကို အာရုံစိုက်ကြည့်ခဲ့တယ်လို့ ပြောပါတယ်။

ထို့ကြောင့် Suki က အတူတူဘွဲ့ရသင့်တယ်လို့ သူမ ရုတ်တရက် တွေးလိုက်တာကြောင့် Suki ဝတ်ဖို့အတွက် ဘွဲ့ဝတ်စုံနဲ့ ဘွဲ့ဦးထုပ်ကိုလည်း မှာယူခဲ့ပါတယ်။ ဒီချစ်စရာကောင်းတဲ့ သူတို့ရဲ့ပုံရိပ်ကြောင့် အင်တာနက်ပေါ် လျင်မြန်စွာပျံ့နှံ့သွားပြီး လူအများက မိန်းကလေးနဲ့ကြောင်ကို ချစ်စရာစုံတွဲလေးလို့ ချီးကျူးခဲ့ကြပါတယ်။

JRose(Tgidailynews)

Zawgyi

ေန႔တိုင္းလိုလို ေဘးနားမွာထိုင္ၿပီး အတူတူစာေလ့လာခဲ့တဲ့ သူမရဲ႕ ေၾကာင္ေလးကို ဘြဲ႕ဝတ္စုံနဲ႔ ဘြဲ႕ဦးထုပ္ဆုခ်ခဲ့တဲ့ မိန္းကေလး

အေမရိကန္ႏိုင္ငံ၊ Austin ရွိ Texas တကၠသိုလ္မွ ဘြဲ႕ရတစ္ဦးျဖစ္တဲ့ “Francesca Burdieu” အမည္ရွိမိန္းကေလးဟာ သူမရဲ႕ေၾကာင္ေလး “Suki” နဲ႔ ေပ်ာ္႐ႊင္ဖြယ္ဘြဲ႕ႏွင္းသဘင္ဝတ္စုံ ဝတ္ထားတဲ့ပုံကို တင္ခဲ့ပါတယ္။ ေၾကာင္ဟာလဲ ဘြဲ႕ဝတ္စုံနဲ႔ ဘြဲ႕ဦးထုပ္မ်ား ၀တ္ဆင္ကာ ေဘးခ်င္းကပ္လ်က္မွာ ထိုင္ေနခဲ့ပါတယ္။ Francesca မွ အြန္လိုင္းေပၚ သင္ယူေနစဥ္ Suki ဟာ သူမနဲ႔အတူ ေန႔တိုင္း ထိုင္ၿပီး ဖုန္းမ်က္ႏွာျပင္ကို ၾကည့္ကာ အေၾကာင္းအရာကို အာ႐ုံစိုက္ၾကည့္ခဲ့တယ္လို႔ ေျပာပါတယ္။

ထို႔ေၾကာင့္ Suki က အတူတူဘြဲ႕ရသင့္တယ္လို႔ သူမ ႐ုတ္တရက္ ေတြးလိုက္တာေၾကာင့္ Suki ဝတ္ဖို႔အတြက္ ဘြဲ႕ဝတ္စုံနဲ႔ ဘြဲ႕ဦးထုပ္ကိုလည္း မွာယူခဲ့ပါတယ္။ ဒီခ်စ္စရာေကာင္းတဲ့ သူတို႔ရဲ႕ပုံရိပ္ေၾကာင့္ အင္တာနက္ေပၚ လ်င္ျမန္စြာပ်ံ႕ႏွံ႔သြားၿပီး လူအမ်ားက မိန္းကေလးနဲ႔ေၾကာင္ကို ခ်စ္စရာစုံတြဲေလးလို႔ ခ်ီးက်ဴးခဲ့ၾကပါတယ္။

JRose(Tgidailynews)

  • Leave a Comment

Categories