ငါတို့ချစ်တဲ့ အိမ်မွေးတိရိစ္ဆာန်လေး ဆုံးသွားတဲ့အခါ အတိုင်းမသိ ဝမ်းနည်းရပါတယ်။ တိရိစ္ဆာန်သေးသေးပဲဖြစ်ဖြစ် တိရစ္ဆာန်ကြီးပဲဖြစ်ဖြစ် နာကျင်မှုကို ခံစားရစေမယ့် အဓိပ္ပါယ်အားလုံးရှိပါတယ်။ ဒီသူငယ်ချင်းတစ်စုဟာလည်း ထိုနည်းလည်းကောင်းပင် သူတို့ရွှေငါးတွေ ဆုံးသွားတဲ့အတွက် ကြီးကျယ်ခမ်းနားတဲ့ ဈာပနကို ကျင်းပပေးကြပါတယ်။
သူတို့က ဂါထာရွတ်ပြီး ရွှေငါးကို စက္ကူပုံးနဲ့လုပ်ထားတဲ့ ခေါင်းတလား ထဲမှာ ထည့်ခဲ့ပါတယ်။ ထိုမျှမကသေးဘဲ ရွှေငါးအတွက် မီးသဂြိုလ်ပွဲလုပ်ပေးရန် အုတ်ခဲများပြင်ဆင်ပြီး မီးသဂြိုလ်ရန် ဆက်လက်လုပ်ဆောင်ခဲ့ပါတယ်။ မီးသဂြိုလ်ပြီးနောက် အရိုးများကို ကောက်ယူခဲ့ပြီး စုဆောင်းခဲ့ပါတယ်။ ဗီဒီယိုကို လွှင့်တင်ပြီးနောက် အင်တာနက်သုံးစွဲသူများကြားတွင် အလွန်ရေပန်းစားခဲ့ပါတယ်။
JRose(Tgidailynews)
Zawgyi
ရွှေငါးလေးတွေ ဆုံးသွားလို့ ဈာပနပွဲစီစဉ်ပေးပြီး မီးသဂြိုလ်ခဲ့တဲ့ သူငယ်ချင်းတစ်စု
JRose(Tgidailynews)